ျမစ္ႀကီးနားၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံ၌ တက္ေရာက္ေဆးကုသမႈခံယူေနသူမ်ားအား ၾကည့္႐ႈအားေပး 

ေနျပည္ေတာ္ ႏို၀င္ဘာ ၂ 

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံ၌ တက္ေရာက္ေဆးကုသမႈခံယူလ်က္ရွိေသာ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔ေန႔လယ္ပုိင္းတြင္ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးဗုိလ္ခ်ဳပ္ေတဇေက်ာ္ႏွင့္ အဖြဲ႕၀င္မ်ားက သြားေရာက္ၾကည့္႐ႈအားေပးသည္။ 

ဦးစြာ တုိင္းမွဴးက တစ္ဦးခ်င္း၏ေရာဂါျဖစ္ပြားမႈမ်ား၊ ေဆးကုသေပးထားမႈႏွင့္ က်န္းမာေရးတုိးတက္မႈ အေျခ အေနမ်ားအား ရင္းရင္း ႏွီးႏွီးေမးျမန္းအားေပးစကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာ မ်ားေပးအပ္သည္။ 

ထုိ႔ေနာက္ တုိင္းမွဴးႏွင့္အဖြဲ႕၀င္မ်ားသည္ ေဆး႐ုံအတြင္းလွည့္လည္ၾကည့္႐ႈစစ္ေဆးၿပီး လုိအပ္သည္မ်ားညိႇႏႈိင္း ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး 

နေပြည်တော် နိုဝင်ဘာ ၂ 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့နေ့လယ်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်တေဇကျော်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးသည်။ 

ဦးစွာ တိုင်းမှူးက တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှုများ၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေ အနေများအား ရင်းရင်း နှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာ များပေးအပ်သည်။ 

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News