နမ္႕စန္ၿမိဳ႔ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ ကုသမႈ ခံယူေနသူမ်ားအား ၾကည္႕႐ႈအားေပး 

ေနျပည္ေတာ္ ႏိုဝင္ဘာ ၂ 

 

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ နမ့္စန္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ကုသမႈခံယူလ်က္ရွိေသာ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား ႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေရွ႕အလယ္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ သန္းလႈိင္ႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ၍ တစ္ဦးခ်င္း၏ေရာဂါျဖစ္ပြားမႈမ်ား၊ ေဆးကုသေပးထားမႈႏွင့္ က်န္းမာေရး တိုးတက္မႈ အေျခအေနမ်ားအား ရင္းရင္းႏွီးႏွီး ေမးျမန္းအားေပး စကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာ မ်ားေပးအပ္သည္။ 

 

ထို႔ေနာက္ တုိင္းမွဴးႏွင့္အဖြဲ႕ဝင္မ်ားသည္ ေဆး႐ံုအတြင္း လွည့္လည္ၾကည့္႐ႈစစ္ေဆး၍ လိုအပ္သည္မ်ား ညိႇႏႈိင္း ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။         

 

(Unicode Version)

 

နမ့်စန်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး 

နေပြည်တော် နိုဝင်ဘာ ၂ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများ နှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှုများ၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှု အခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာ များပေးအပ်သည်။ 

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။       

Recent News