ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္၏ (၂၉)ႀကိမ္ေျမာက္ စုေပါင္းမဟာဘံုကထိန္ အလွဴေတာ္ မဂၤလာျပဳလုပ္ 

ေနျပည္ေတာ္ ႏိုဝင္ဘာ ၃

 

 ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္၏ (၂၉)ႀကိမ္ေျမာက္ စုေပါင္းမဟာဘံုကထိန္ အလွဴေတာ္ မဂၤလာကို ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္တုိင္း ေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္ရွိ စမ္းေခ်ာင္းေက်ာင္းတုိက္၌ ျပဳလုပ္ရာ ႏုိင္ငံေတာ္ၾသဝါဒါစရိယ၊ အဂၢမဟာပ႑ိတ၊ အင္းစိန္ရြာမ ပရိယတၱိစာသင္တုိက္ ပဓာနနာယက ဘဒၵႏၲတိေလာကာဘိဝံသ အမွဴးျပဳေသာ သံဃာေတာ္မ်ား၊ တုိင္းမွဴး ဗုိလ္ခ်ဳပ္သက္ပံုႏွင့္ အဖြဲ႕ဝင္မ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

 

 ဦးစြာ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက မရမ္းကုန္းၿမိဳ႕နယ္၊ ကံဦးေဇတဝန္ ပရိယတၱိစာသင္တုိက္၏ ပဓာနနာယက၊ အဂၢမဟာပ႑ိတ၊ ဘဒၵႏၲနႏၵသာမိဘိဝံသထံမွ ငါးပါးသီလခံယူေဆာက္တည္၍ သံဃာေတာ္မ်ားထံ ကထိန္လ်ာသကၤန္းမ်ားႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကၿပီး သံဃာေတာ္ အရွင္သူျမတ္တုိ႔အား ေန႔ဆြမ္းဆက္ကပ္ လွဴဒါန္းသည္။ 

 

အဆုိပါမဟာဘံုကထိန္ အလွဴေတာ္မဂၤလာ၌ ေငြက်ပ္ ၇၂ သိန္းေက်ာ္တန္ဖုိးရွိ ကထိန္လ်ာသကၤန္း၊ လွဴဖြယ္ပစၥည္းမ်ားႏွင့္ နဝကမၼအလွဴေငြမ်ား ပါဝင္ေသာ ပေဒသာပင္ကုိးခုကုိ တုိင္းစစ္ဌာနခ်ဳပ္ အေနာ္ရထာခန္းမမွ စမ္းေခ်ာင္းေက်ာင္းတုိက္သို႔ လွည့္လည္ပို႔ေဆာင္ၿပီး ဆက္ကပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။    

 

(Unicode Version)

 

ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ (၂၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာပြုလုပ် 

နေပြည်တော် နိုဝင်ဘာ ၃ 

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ (၂၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ စမ်းချောင်းကျောင်းတိုက်၌ ပြုလုပ်ရာ နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဘဒ္ဒန္တတိလောကာဘိဝံသ အမှူးပြုသော သံဃာတော်များ၊ တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မရမ်းကုန်းမြို့နယ်၊ ကံဦးဇေတဝန် ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တနန္ဒသာမိဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်များထံ ကထိန်လျာသင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။ 

အဆိုပါမဟာဘုံကထိန် အလှူတော်မင်္ဂလာ၌ ငွေကျပ် ၇၂ သိန်းကျော်တန်ဖိုးရှိ ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ပါဝင်သော ပဒေသာပင်ကိုးခုကို တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမမှ စမ်းချောင်းကျောင်းတိုက်သို့ လှည့်လည်ပို့ဆောင်ပြီး ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။     

Recent News