
နေပြည်တော် နိုဝင်ဘာ ၃ 

 


 


 

(Unicode Version)

 

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းသုံး စာရေးကိရိယာများ ပေးအပ် 

နေပြည်တော် နိုဝင်ဘာ ၃ 

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများနှင့် အရပ်သား ဝန်ထမ်းများ၏ မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်ခြင်းကို ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးက ကျောင်းသုံးစာရေး ကိရိယာများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၅၄၁ ဦးအတွက် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။   

Recent News