အိႏၵိယကမ္းေျခေစာင့္တပ္ဖဲြ႔မွ ခ်စ္ၾကည္ေရးခရီး ေရာက္ရွိေနသည္႕ စစ္ေရယာဥ္ႏွစ္စင္း ျပန္လည္ထြက္ခြာ 

ေနျပည္ေတာ္ ႏိုဝင္ဘာ ၃

 

ျပည္ေထာင္စု သမၼတ ျမန္မာႏုိင္ငံေတာ္သို႔ ခ်စ္ၾကည္ေရးခရီး ေရာက္ရွိေနသည့္ အိႏၵိယကမ္းေျခေစာင့္ တပ္ဖဲြ႕မွ Deputy Inspector General YOGINDER DHAKA ဦးေဆာင္ၿပီး အရာရွိ၊ စစ္သည္မ်ား လိုက္ပါလာသည့္ ကမ္းေျခေစာင့္ေရယာဥ္ ICGS Sujay ႏွင့္ ICGS Anmol တုိ႔သည္ ယေန႔ နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ သီလဝါဆိပ္ကမ္း MITT တံတားမွ ျပန္လည္ထြက္ခြာရာ တပ္မေတာ္(ေရ)မွ အရာရွိႀကီးမ်ား၊ အရာရွိ၊ စစ္သည္မ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာ အိႏၵိယႏုိင္ငံ စစ္သံမွဴးႏွင့္ တာဝန္ရွိသူမ်ားက ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။ 

 

အဆုိပါစစ္ေရယာဥ္မ်ားတြင္ အဖဲြ႕ေခါင္းေဆာင္ျဖစ္သူ Deputy Inspector General YOGINDER DHAKA ႏွင့္ အရာရွိ၊ စစ္သည္ ၁၇ဝ ဦး လိုက္ပါလာၿပီး ျမန္မာႏုိင္ငံတြင္ ေအာက္တုိဘာ ၃ဝ ရက္မွ ယေန႔အထိ ငါးရက္ၾကာေနထိုင္ကာ ျမန္မာႏုိင္ငံရွိ အထင္ကရ ေနရာမ်ားအား ေလ့လာလည္ပတ္ျခင္း၊ ဧရာဝတီေရတပ္စခန္း ဌာနခ်ဳပ္ရွိ ေရျပင္ပိုင္းဆုိင္ရာ ရွာေဖြကယ္ဆယ္ေရး ေပါင္းစပ္ညႇိႏႈိင္း ကြပ္ကဲမႈဌာနခ်ဳပ္ (MRCC)သို႔ သြားေရာက္ေလ့လာျခင္း၊ ခ်စ္ၾကည္ေရး အားကစားၿပိဳင္ပြဲမ်ား ယွဥ္ၿပိဳင္ကစားျခင္း၊ သန္လ်င္တပ္နယ္ အေျခခံပညာအထက္တန္းေက်ာင္းခဲြ (ဆိပ္ႀကီး)၌ လူမႈဝန္ထမ္းကိစၥမ်ား ေဆာင္ရြက္ ေပးျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သတင္းရရွိသည္။         

 

(Unicode Version)

 

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့မှ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် စစ်ရေယာဉ်နှစ်စင်း ပြန်လည်ထွက်ခွာ 

နေပြည်တော် နိုဝင်ဘာ ၃ 

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် အိန္ဒိယကမ်းခြေစောင့် တပ်ဖွဲ့မှ Deputy Inspector General YOGINDER DHAKA ဦးဆောင်ပြီး အရာရှိ၊ စစ်သည်များ လိုက်ပါလာသည့် ကမ်းခြေစောင့်ရေယာဉ် ICGS Sujay နှင့် ICGS Anmol တို့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ စစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။ 

အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်ဖြစ်သူ Deputy Inspector General YOGINDER DHAKA နှင့် အရာရှိ၊ စစ်သည် ၁၇ဝ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် အောက်တိုဘာ ၃ဝ ရက်မှ ယနေ့အထိ ငါးရက်ကြာနေထိုင်ကာ မြန်မာနိုင်ငံရှိ အထင်ကရ နေရာများအား လေ့လာလည်ပတ်ခြင်း၊ ဧရာဝတီရေတပ်စခန်း ဌာနချုပ်ရှိ ရေပြင်ပိုင်းဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲမှုဌာနချုပ် (MRCC)သို့ သွားရောက်လေ့လာခြင်း၊ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခြင်း၊ သန်လျင်တပ်နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ (ဆိပ်ကြီး)၌ လူမှုဝန်ထမ်းကိစ္စများ ဆောင်ရွက် ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။         

Recent News