၂ဝ၁၈ -၂ဝ၁၉ ပညာသင္ႏွစ္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ပညာသင္စရိတ္မ်ား ေပးအပ္ 

ေနျပည္ေတာ္ ႏိုဝင္ဘာ ၃ 

၂ဝ၁၈-၂ဝ၁၉ ပညာသင္ႏွစ္တြင္ တက္ေရာက္ပညာ သင္ၾကားလ်က္ရွိသည့္ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္ႏွင့္ ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ တပ္မေတာ္သား မိသားစုဝင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အတြက္ ပညာသင္စရိတ္ေပးအပ္ျခင္းကို ယေန႔ ေန႔လယ္ပိုင္းတြင္ တိုင္းစစ္ဌာနခ်ဳပ္ရွိ ျပည္ၿငိမ္းေအးခန္းမ၌ျပဳလုပ္ရာ တိုင္းမွဴး ဗုိလ္ခ်ဳပ္ခင္လိႈင္ႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား တက္ေရာက္ၾကသည္။ 

ဦးစြာ တိုင္းမွဴးက ပညာသင္စရိတ္ ေပးအပ္ရျခင္း ရည္ရြယ္ခ်က္ႏွင့္ ပညာရည္ျမင့္မားေရး ဆိုင္ရာမ်ားအား ရွင္းလင္းေျပာၾကားသည္။ ထို႔ေနာက္ တိုင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက တိုင္းစစ္ဌာနခ်ဳပ္ႏွင့္ က်ဳိင္းတံုတပ္နယ္မွ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း ၁၈၄၃ဦးအတြက္ ပညာသင္စရိတ္မ်ား ေပးအပ္ခဲ့ေၾကာင္း သတင္း ရရွိသည္။ 

(Unicode Version) 

၂ဝ၁၈ -၂ဝ၁၉ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်စရိတ်များ ပေးအပ် 

နေပြည်တော် နိုဝင်ဘာ ၃ 

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသည့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာသင်စရိတ်ပေးအပ်ခြင်းကို ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ပြည်ငြိမ်းအေးခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးက ပညာသင်စရိတ် ပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့် ပညာရည်မြင့်မားရေး ဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်နှင့် ကျိုင်းတုံတပ်နယ်မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၈၄၃ဦးအတွက် ပညာသင်စရိတ်များ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။   

Recent News