
နေပြည်တော် နိုဝင်ဘာ ၃ 

 


 


 

(Unicode Version)

 

မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး 

နေပြည်တော် နိုဝင်ဘာ ၃ 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများအား နိုဝင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးသည်။ 

ဦးစွာ တိုင်းမှူးက တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

Recent News