ကမ္း႐ိုးတန္းေဒသတုိင္းစစ္ဌာနခ်ဳပ္ ဓမၼစၾကာေဒသနာေတာ္(အာဂံု)ရြတ္ဆုိပူေဇာ္ၿပိဳင္ပြဲဖြင္႕ပြဲျပဳလုပ္ 

ေနျပည္ေတာ္ ႏို၀င္ဘာ ၅ 

ကမ္း႐ိုးတန္းေဒသတုိင္းစစ္ဌာနခ်ဳပ္၊ ၿမိတ္တပ္နယ္၏ ဓမၼစၾကာေဒသနာေတာ္(အာဂံု)ရြတ္ဆုိပူေဇာ္ၿပိဳင္ပြဲဖြင့္ပြဲြကို ယေန႔နံနက္ပိုင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္ ဓမၼာ႐ံု၌ျပဳလုပ္ရာကံသာေက်ာင္းတုိက္ဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲေကာနာညအမွဴးျပဳေသာ သံဃာေတာ္မ်ား ၾကြေရာက္ေတာ္မူၾကၿပီးတုိင္းမွဴး ဗုိလ္ခ်ဳပ္ေသာင္းထုိက္ေရႊ ႏွင့္ အရာရွိ၊စစ္သည္၊ မိသားစုမ်ား၊ ၿပိဳင္ပြဲ၀င္၀တ္အသင္းမ်ား တက္ေရာက္ၾကသည္။ 

ဦးစြာ တုိင္းမွဴးႏွင့္တက္ေရာက္လာၾကသူမ်ားက ကံသာေက်ာင္းတုိက္ဆရာေတာ္ထံမွ ငါးပါးသီလခံယူေဆာက္ တည္ၾကၿပီး သံဃာေတာ္မ်ားထံမွ ပရိတ္တရားေတာ္မ်ားနာယူၾကသည္။ ထုိ႔ေနာက္တုိင္းမွဴးႏွင့္ တက္ေရာက္ လာၾကသူမ်ားက သံဃာေတာ္မ်ားအား သကၤန္း၊ လွဴဖြယ္ပစၥည္းမ်ားႏွင့္ ေန႔ဆြမ္းဆက္ကပ္လွဴဒါန္းၾကသည္။ 

အဆုိပါဓမၼစၾကာေဒသနာေတာ္ရြတ္ဆုိပူေဇာ္ၿပိဳင္ပြဲကို ႏုိ၀င္ဘာ ၉ ရက္အထိ ျပဳလုပ္သြားမည္ျဖစ္ၿပီး ၿပိဳင္ပြဲတြင္ တုိင္းစစ္ဌာနခ်ဳပ္ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖဲြ႕မ်ားမွၿပိဳင္ပြဲ၀င္၀တ္အသင္း ၁၆ သင္း၀င္ေရာက္ ယွဥ္ၿပိဳင္ ရြတ္ဆုိပူေဇာ္သြားမည္ျဖစ္ေၾကာင္းသတင္းရရွိသည္။ 

 

(Unicode Version)

 

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဓမ္မစကြာဒေသနာတော်(အာဂုံ)ရွတ်ဆိုပူဇော်ပြိုင်ပွဲဖွင့်ပွဲပြုလုပ် 

နေပြည်တော် နိုဝင်ဘာ ၅ 

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ မြိတ်တပ်နယ်၏ ဓမ္မစကြာဒေသနာတော်(အာဂုံ)ရွတ်ဆိုပူဇော်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဓမ္မာရုံ၌ပြုလုပ်ရာကံသာကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောနာညအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီးတိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေ နှင့် အရာရှိ၊စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်ဝတ်အသင်းများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ကံသာကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူကြသည်။ ထို့နောက်တိုင်းမှူးနှင့် တက်ရောက် လာကြသူများက သံဃာတော်များအား သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ 

အဆိုပါဓမ္မစကြာဒေသနာတော်ရွတ်ဆိုပူဇော်ပြိုင်ပွဲကို နိုဝင်ဘာ ၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှပြိုင်ပွဲဝင်ဝတ်အသင်း ၁၆ သင်းဝင်ရောက် ယှဉ်ပြိုင် ရွတ်ဆိုပူဇော်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။ 

       

Recent News