အေရွ့ေျမာက္တုိင္းစစ္ဌာနခ်ဳပ္၏ (၂၈)ႀကိမ္ေျမာက္ စုေပါင္းမဟာဘံုကထိန္အလွဴေတာ္မဂၤလာျပဳလုပ္ 

ေနျပည္ေတာ္ ႏုိ၀င္ဘာ ၆ 
အေရွ႕ေျမာက္တုိင္းစစ္ဌာနခ်ဳပ္၏ (၂၈)ႀကိမ္ေျမာက္ စုေပါင္းမဟာဘံုကထိန္အလွဴေတာ္မဂၤလာကို ယေန႔ နံနက္ပုိင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္ရွိ တုိင္းခန္းမ၌ျပဳလုပ္ရာ လား႐ႈိးၿမိဳ႕၊ ႏုိင္ငံေတာ္ဗဟုိသံဃာ့၀န္ေဆာင္ အဂၢ မဟာပ႑ိတ ဇမၺဴေအးေအတီတပ္ဦးေက်ာင္းဆရာေတာ္ ဘဒၵႏၲဥတၱမအမွဴးျပဳေသာ သံဃာေတာ္ ၅၄ ပါး ၾကြေရာက္ေတာ္မူၾကၿပီး တုိင္းမွဴးဗုိလ္ခ်ဳပ္ေအာင္ေဇာ္ေအးႏွင့္ အရာရွိ၊ စစ္သည္၊မိသားစုမ်ား၊ အလွဴရွင္မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။ 

ဦးစြာ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက လား႐ႈိးၿမိဳ႕ ၿမိဳ႕နယ္သံဃနာယကဥကၠ႒ အဂၢမဟာ သဒၶမၼေဇာ တိကဓဇ သီရိမဂၤလာမန္ဆူရွမ္းေက်ာင္း ပရိယတၱိစာသင္တုိက္ ပဓာနနာယက ဘဒၵႏၲပုညနႏၵထံမွ ရွစ္ပါးသီလ ခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္မ်ားထံမွ ပရိတ္တရားေတာ္မ်ား နာယူၾကသည္။ ထုိ႔ေနာက္ တုိင္းမွဴးႏွင့္ အလွဴရွင္မ်ားက သံဃာေတာ္မ်ားအား ကထိနစီ၀ရဒါနကထိန္လ်ာသကၤန္း၊ လွဴဖြယ္ပစၥည္းမ်ားႏွင့္ ေန႔ဆြမ္း ဆက္ကပ္လွဴဒါန္းၾကသည္။ 

တုိင္းစစ္ဌာနခ်ဳပ္၏ (၂၈)ႀကိမ္ေျမာက္ စုေပါင္းမဟာဘံုကထိန္အလွဴေတာ္မဂၤလာတြင္ တုိင္းစစ္ဌာနခ်ဳပ္မွ အရာရွိ၊ စစ္သည္၊မိသားစုမ်ားႏွင့္ အလွဴရွင္မ်ားမွလွဴဒါန္းသည့္ကထိန္လ်ာသကၤန္း၊ လွဴဖြယ္၀တၳဳပစၥည္းမ်ားႏွင့္ န၀ကမၼအလွဴေငြမ်ားပါ၀င္ေသာ စုစုေပါင္းေငြက်ပ္သိန္း ၂၉၀ ေက်ာ္တန္ဖုိးရွိပေဒသာပင္ ၈၃ ခုကို ႏုိ၀င္ဘာ ၅ ရက္ ညေနပုိင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္မွ လား႐ိႈးၿမိဳ႕အတြင္းလွည့္လည္၍ ယေန႔တြင္ သက္ဆုိင္ရာ ဘုန္းေတာ္ႀကီး ေက်ာင္းမ်ားသို႔ ပို႔ေဆာင္လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။ 
 

 

(Unicode Version)

 

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ (၂၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာပြုလုပ် 

နေပြည်တော် နိုဝင်ဘာ ၆ 
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ (၂၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ တိုင်းခန်းမ၌ပြုလုပ်ရာ လားရှိုးမြို့၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂ မဟာပဏ္ဍိတ ဇမ္ဗူအေးအေတီတပ်ဦးကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တမအမှူးပြုသော သံဃာတော် ၅၄ ပါး ကြွရောက်တော်မူကြပြီး တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်အေးနှင့် အရာရှိ၊ စစ်သည်၊မိသားစုများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက လားရှိုးမြို့ မြို့နယ်သံဃနာယကဥက္ကဋ္ဌ အဂ္ဂမဟာ သဒ္ဓမ္မဇော တိကဓဇ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဘဒ္ဒန္တပုညနန္ဒထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော်များအား ကထိနစီဝရဒါနကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။ 

တိုင်းစစ်ဌာနချုပ်၏ (၂၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာတွင် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊မိသားစုများနှင့် အလှူရှင်များမှလှူဒါန်းသည့်ကထိန်လျာသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများပါဝင်သော စုစုပေါင်းငွေကျပ်သိန်း ၂၉၀ ကျော်တန်ဖိုးရှိပဒေသာပင် ၈၃ ခုကို နိုဝင်ဘာ ၅ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်မှ လားရှိုးမြို့အတွင်းလှည့်လည်၍ ယနေ့တွင် သက်ဆိုင်ရာ ဘုန်းတော်ကြီး ကျောင်းများသို့ ပို့ဆောင်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News