ေတာင္ႀကီးၿမိဳ႕နယ္ႏွင့္ ေအာင္ပန္းၿမိဳ႔နယ္အတြင္းရွိေက်းရြာမ်ားမွ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္ 

ေနျပည္ေတာ္ ႏုိ၀င္ဘာ ၆ 

ရွမ္းျပည္နယ္(ေတာင္ပုိင္း)၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ဖာမြန္းေက်းရြာ၊ ေအာင္ပန္းၿမိဳ႕နယ္၊ ကမၻားနီေက်းရြာ ႏွင့္ပတ္၀န္းက်င္ေက်းရြာမ်ားမွ ေဒသခံျပည္သူမ်ားအား ႏုိ၀င္ဘာ ၅ရက္ႏွင့္ ယေန႔တုိ႔တြင္ အေရွ႕ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆုိပါေက်းရြာမ်ားရွိ ဘုန္းေတာ္ႀကီး ေက်ာင္းမ်ား၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ 

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံျပည္သူ ၃၁၂ ဦးတုိ႔ကို နား/ႏွာေခါင္း/ လည္ေခ်ာင္း ေရာဂါ၊ အေရျပားေရာဂါ၊ ေသြးလြန္တုပ္ေကြးေရာဂါ၊ ၀မ္းပ်က္၀မ္းေလွ်ာေရာဂါ၊ ငွက္ဖ်ားေရာဂါ၊ အေထြေထြ ေရာဂါတုိ႔ႏွင့္ပတ္သက္၍ လုိအပ္သည့္ေဆး၀ါးကုသမႈမ်ားေဆာင္ရြက္ေပးၿပီး ေဆး႐ုံတက္ေရာက္ကုသရန္ လုိအပ္ေသာ ေဒသခံျပည္သူမ်ားအား ေတာင္ႀကီးၿမိဳ႕ႏွင့္ေအာင္ပန္းၿမိဳ႕တို႔ရွိ တပ္မေတာ္ေဆး႐ံုမ်ားသိုိ႔တက္ ေရာက္ကုသႏုိင္ေရးစီစဥ္ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

   တောင်ကြီးမြို့နယ်နှင့် အောင်ပန်းမြို့နယ်အတွင်းရှိကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် 

နေပြည်တော် နိုဝင်ဘာ ၆ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာ၊ အောင်ပန်းမြို့နယ်၊ ကမ္ဘားနီကျေးရွာ နှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား နိုဝင်ဘာ ၅ရက်နှင့် ယနေ့တို့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၃၁၂ ဦးတို့ကို နား/နှာခေါင်း/ လည်ချောင်း ရောဂါ၊ အရေပြားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျားရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော ဒေသခံပြည်သူများအား တောင်ကြီးမြို့နှင့်အောင်ပန်းမြို့တို့ရှိ တပ်မတော်ဆေးရုံများသို့တက် ရောက်ကုသနိုင်ရေးစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                         

Recent News