ဒုံဟီးၿမိဳ႕နယ္ ရန္ေႏွာႏုတ္ညိဳေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္

ေနျပည္ေတာ္၊ ႏို၀င္ဘာ ၇

စစ္ကိုင္းတိုင္းေဒသႀကီး၊ နာဂကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဒံုဟီးၿမိဳ႕နယ္၊ ရန္ေႏွာႏုတ္ညိဳေက်းရြာတြင္ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိေသာ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ အတြင္းရွိ နယ္ေျမခံတပ္မေတာ္ေဆး႐ံုမွ ပါရဂူမ်ားပါဝင္ေသာ ေဆးကုသေရး အဖြဲ႕မ်ားသည္ ၂၀၁၈ ခုႏွစ္ ႏို၀င္ဘာ ၁ ရက္ မွ ၅ ရက္ထိ ေက်းရြာစာသင္ေက်ာင္း၌ ေဒသခံျပည္သူမ်ားအား က်န္းမာေရး အသိပညာေပးျခင္းႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားအား ေဆာင္ရြက္ေပးခဲ့သည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ရာသီတုပ္ေကြးေရာဂါ၊ အသက္ရႈလမ္းေၾကာင္းပိုး၀င္ေရာဂါ၊ ေသြးတိုးေရာဂါ၊ အာရံုေၾကာအားနည္းေရာဂါ၊ အရိုး/အေၾကာေရာဂါ၊ အစာအိမ္ေရာဂါ၊ ဆီးလမ္းေၾကာင္းပိုး၀င္ေရာဂါ ေ၀ဒနာရွင္ ေဒသခံျပည္သူ စုစုေပါင္း ၁၃၉ ဦးတို႔အား လိုအပ္ေသာ ေဆးကုသျခင္းမ်ားေဆာင္ရြက္ေပးႏိုင္ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဒုံဟီးမြို့နယ် ရန်နှောနုတ်ညိုကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဒုံဟီးမြို့နယ်၊ ရန်နှောနုတ်ညိုကျေးရွာတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အနောက်မြောက်တိုင်းစစ်ဌာနချုပ် အတွင်းရှိ နယ်မြေခံတပ်မတော်ဆေးရုံမှ ပါရဂူများပါဝင်သော ဆေးကုသရေး အဖွဲ့များသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁ ရက် မှ ၅ ရက်ထိ ကျေးရွာစာသင်ကျောင်း၌ ဒေသခံပြည်သူများအား ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ရာသီတုပ်ကွေးရောဂါ၊ အသက်ရှုလမ်းကြောင်းပိုးဝင်ရောဂါ၊ သွေးတိုးရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ အရိုး/အကြောရောဂါ၊ အစာအိမ်ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ရောဂါ ဝေဒနာရှင် ဒေသခံပြည်သူ စုစုပေါင်း ၁၃၉ ဦးတို့အား လိုအပ်သော ဆေးကုသခြင်းများဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News