(၂၄)ႀကိမ္ေျမာက္ စုေပါင္း မဟာဘံုကထိန္ အလွဴေတာ္ မဂၤလာျပဳလုပ္

ေနျပည္ေတာ္   ႏုိဝင္ဘာ  ၇

အလယ္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ မႏၲေလး တပ္နယ္၏ (၂၄)ႀကိမ္ေျမာက္ စုေပါင္းမဟာ ဘံုကထိန္အလွဴေတာ္မဂၤလာကို ယေန႔နံနက္ ပိုင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္ရွိ ရန္ေအာင္ျမင္ ခန္းမ၌ျပဳလုပ္ရာ မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံ ၿမိဳ႕နယ္၊ မဟာဝိ ဇိတာ႐ံု ပရိယတၱိစာသင္တိုက္ ဦးစီးပဓာနဆရာေတာ္ ႏုိင္ငံေတာ္ၾသဝါဒါ စရိယ အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲဝိစာရိႏၵာ ဘိဝံသအမွဴးျပဳေသာ   သံဃာေတာ္မ်ား ၾကြေရာက္ေတာ္မူၾကၿပီး တုိင္းမွဴး ဗိုလ္မွဴးခ်ဳပ္ ေက်ာ္စြာလင္း၊ အရာရွိ၊ စစ္သည္၊ မိသားစု မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ ၾကသည္။

ဦးစြာ တုိင္းမွဴးႏွင့္ တက္ေရာက္ လာၾကသူ မ်ားက မႏၲေလးၿမိဳ႕ မဟာဝိသုဒၶါ႐ံု တိုက္သစ္ စည္ရွင္ေက်ာင္းဆရာေတာ္ ေရႊက်င္ နိကာယ ဥပဥကၠ႒ တြဲဖက္ေရႊက်င္ သာသနာပိုင္ အဂၢမဟာပ႑ိတ ဘဒၵႏၲအဂၢဉာဏာဘိဝံသထံမွ ရွစ္ပါးသီလ ခံယူေဆာက္တည္ၾကၿပီး သံဃာ ေတာ္မ်ားထံမွ ပရိတ္တရားေတာ္မ်ား နာယူ ၾကသည္။ ထို႔ေနာက္ တိုင္းမွဴးႏွင့္ အဖဲြ႕ဝင္ မ်ားက မဟာဝိဇိတာ႐ံုပရိယတၱိစာသင္တိုက္ ဦးစီးပဓာနဆရာေတာ္ႏွင့္ သံဃာေတာ္မ်ား အား ကထိန္ လ်ာဥာတ္သကၤန္း၊ လွဴဖြယ္ပစၥည္း မ်ားႏွင့္ ေန႔ဆြမ္း ဆက္ကပ္လွဴဒါန္းၾကသည္။

တိုင္းစစ္ဌာနခ်ဳပ္၏ (၂၄)ႀကိမ္ေျမာက္ စုေပါင္းမဟာ ဘံုကထိန္ အလွဴေတာ္မဂၤလာ တြင္ တုိင္းစစ္ဌာနခ်ဳပ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ အလွဴရွင္မ်ားမွ လွဴဒါန္းသည့္ ကထိန္လ်ာသကၤန္း၊ လွဴဖြယ္ဝတၳဳပစၥည္းမ်ား ႏွင့္ နဝကမၼ အလွဴေငြမ်ား ပါဝင္ေသာ စုစုေပါင္း ေငြက်ပ္သိန္း ၂၂ဝ ေက်ာ္တန္ဖိုးရွိ ပေဒသာ ပင္ ၅၁ ခုကို ႏုိဝင္ဘာ ၆ ရက္ ေန႔လယ္ပုိင္းတြင္ မႏၲေလးၿမိဳ႕႐ိုး တစ္ပတ္ လွည့္လည္ခဲ့ၾက ေၾကာင္း သတင္းရရွိသည္။       

(Unicode Version)

(၂၄)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အလှူတော် မင်္ဂလာပြုလုပ်

နေပြည်တော်   နိုဝင်ဘာ  ၇

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မန္တလေး တပ်နယ်၏ (၂၄)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်အလှူတော်မင်္ဂလာကို ယနေ့နံနက် ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင် ခန်းမ၌ပြုလုပ်ရာ မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်၊ မဟာဝိ ဇိတာရုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနဆရာတော် နိုင်ငံတော်သြဝါဒါ စရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဝိစာရိန္ဒာ ဘိဝံသအမှူးပြုသော   သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်း၊ အရာရှိ၊ စစ်သည်၊ မိသားစု များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက် လာကြသူ များက မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံ တိုက်သစ် စည်ရှင်ကျောင်းဆရာတော် ရွှေကျင် နိကာယ ဥပဥက္ကဋ္ဌ တွဲဖက်ရွှေကျင် သာသနာပိုင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂဉာဏာဘိဝံသထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာ တော်များထံမှ ပရိတ်တရားတော်များ နာယူ ကြသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင် များက မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် ဦးစီးပဓာနဆရာတော်နှင့် သံဃာတော်များ အား ကထိန် လျာဉာတ်သင်္ကန်း၊ လှူဖွယ်ပစ္စည်း များနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

တိုင်းစစ်ဌာနချုပ်၏ (၂၄)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန် အလှူတော်မင်္ဂလာ တွင် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များမှ လှူဒါန်းသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ နှင့် နဝကမ္မ အလှူငွေများ ပါဝင်သော စုစုပေါင်း ငွေကျပ်သိန်း ၂၂ဝ ကျော်တန်ဖိုးရှိ ပဒေသာ ပင် ၅၁ ခုကို နိုဝင်ဘာ ၆ ရက် နေ့လယ်ပိုင်းတွင် မန္တလေးမြို့ရိုး တစ်ပတ် လှည့်လည်ခဲ့ကြ ကြောင်း သတင်းရရှိသည်။     

   

Recent News