အေနာက္ေျမာက္တုိင္း စစ္ဌာနခ်ဳပ္ရွိ ၂ဝ၁၈-၂ဝ၁၉ ပညာသင္ႏွစ္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ေက်ာင္း ဝတ္စံုႏွင့္ စာေရး ကိရိယာမ်ားေပးအပ္

 

ေနျပည္ေတာ္  ႏုိဝင္ဘာ  ၇

၂ဝ၁၈-၂ဝ၁၉ ပညာသင္ႏွစ္တြင္ တက္ ေရာက္ပညာ သင္ၾကားလ်က္ရွိသည့္ အေနာက္ ေျမာက္တုိင္း စစ္ဌာနခ်ဳပ္မွ  တပ္မေတာ္ သား မိသားစုဝင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အား ေက်ာင္းဝတ္စံုႏွင့္ စာေရးကိရိယာမ်ား ေပးအပ္ျခင္းကို ႏုိဝင္ဘာ ၆ ရက္ ညေနပိုင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္၊ ေဇယ်ာသီရိခန္းမ၌ ျပဳလုပ္ရာ  တုိင္းမွဴး  ဗိုလ္ခ်ဳပ္ ဖုန္းျမတ္ႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးက ေက်ာင္းဝတ္စံုႏွင့္ စာေရး ကိရိယာမ်ား ေပးအပ္ျခင္းႏွင့္ ပတ္သက္၍ အမွာစကားေျပာၾကားသည္။   ထို႔ေနာက္ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက ၂ဝ၁၈-၂ဝ၁၉ ပညာသင္ႏွစ္တြင္ တက္ေရာက္ပညာသင္ၾကား လ်က္ရွိသည့္   မူလတန္း၊  အလယ္တန္း၊ အထက္တန္းႏွင့္ တကၠသိုလ္ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း ၂၆၄ ဦးတို႔ကို ေက်ာင္း ဝတ္စံုႏွင့္ စာေရးကိရိယာမ်ား ေပးအပ္ၿပီး ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ရင္းရင္း ႏွီးႏွီးလိုက္လံ ႏႈတ္ဆက္ ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်း ဝတ်စုံနှင့် စာရေး ကိရိယာများပေးအပ်

နေပြည်တော်  နိုဝင်ဘာ  ၇

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် တက် ရောက်ပညာ သင်ကြားလျက်ရှိသည့် အနောက် မြောက်တိုင်း စစ်ဌာနချုပ်မှ  တပ်မတော် သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ အား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းကို နိုဝင်ဘာ ၆ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမ၌ ပြုလုပ်ရာ  တိုင်းမှူး  ဗိုလ်ချုပ် ဖုန်းမြတ်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက ကျောင်းဝတ်စုံနှင့် စာရေး ကိရိယာများ ပေးအပ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။   ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြား လျက်ရှိသည့်   မူလတန်း၊  အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၆၄ ဦးတို့ကို ကျောင်း ဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။

Recent News