ရာသီတုပ္ေကြး ေရာဂါျဖစ္ပြားခဲ့ေသာ ဒုံဟီးၿမိဳ႕နယ္အတြင္း တပ္မေတာ္ ေဆးကုသေရးအဖြဲ႕က က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္

 
ေနျပည္ေတာ္ ႏိုဝင္ဘာ ၈
 
စစ္ကုိင္းတုိင္းေဒသႀကီး၊ နာဂကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဒုံဟီး ၿမိဳ႕နယ္အတြင္းရွိ တုပ္ေကြးဖ်ားနာ ေရာဂါႏွင့္ အသက္႐ွဴ လမ္းေၾကာင္း ပုိးဝင္ေရာဂါမ်ားျဖစ္ပြားလ်က္ရွိသည့္ ရန္ေနာေနာက္ညိဳေက်းရြာမွ ေဒသခံျပည္သူ မ်ားအား အေနာက္ေျမာက္တုိင္း စစ္ဌာနခ်ဳပ္အတြင္းရွိ နယ္ေျမခံတပ္မေတာ္ေဆး႐ုံမွ ပါရဂူမ်ားပါဝင္ေသာ ေဆးကုသေရး အဖြဲ႕က က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားကုိ ႏိုဝင္ဘာ ၁ ရက္ မွစတင္၍ ေဆာင္ရြက္ေပးလ်က္ရွိရာ ႏိုဝင္ဘာ ၇ ရက္အထိ အဆုိပါ ေက်းရြာႏွင့္ ပတ္ဝန္းက်င္ေက်းရြာမ်ားရွိ ေဒသခံျပည္သူစုစုေပါင္း ၁၇၇ဦး တို႔ကုိ လုိအပ္သည့္ ေဆးဝါးကုသမႈမ်ား ေဆာင္ရြက္ေပးႏိုင္ ခဲ့သည္။
 
ေဆးကုသေရးအဖြဲ႕အေနျဖင့္ ႏုိဝင္ဘာ ၃ ရက္မွ ၅ ရက္အထိ ရန္ေနာေနာက္ညိဳေက်းရြာ၌ ေဒသခံျပည္သူ ၉၇ ဦး၊ ႏိုဝင္ဘာ ၆ ရက္တြင္ ရန္ေနာစံရီေက်းရြာရွိ ေဒသခံျပည္သူ ၂ဝ ဦး၊ ႏိုဝင္ဘာ ၇ ရက္တြင္ ဟာရွိတ္ေတာညိဳေက်းရြာရွိ ေဒသခံျပည္သူ ၁၈ ဦး၊ စုစု ေပါင္း ၁၃၅ ဦးတုိ႔ကုိ ရာသီတုပ္ေကြးေရာဂါ၊ အသက္႐ွဴလမ္းေၾကာင္း ပုိးဝင္ေရာဂါ၊ ေသြးတုိးေရာဂါ၊ အာ႐ုံ ေၾကာအားနည္းေရာဂါ၊ အ႐ုိး/အေၾကာ ေရာဂါ၊ အစာအိမ္ေရာဂါ၊ ဆီးလမ္းေၾကာင္း ပုိးဝင္ေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ေဆးဝါးကုသမႈမ်ား ေဆာင္ရြက္ေပးသည္။ ထုိ႔ျပင္ ႏိုဝင္ဘာ ၄ ရက္တြင္ ရန္ေနာေနာက္ညိဳ ေက်းရြာ၌ ေဒသခံ ျပည္သူ ၈ဝ ဦးတို႔ကုိ က်န္းမာေရးအသိပညာ ေပးေဟာေျပာ ေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ ေပးသည္။
 
ေအာက္တုိဘာ ၂၉ ရက္မွစ၍ ဒုံဟီးၿမိဳ႕နယ္၊ ရန္ေနာေနာက္ညိဳေက်းရြာ၌ တုပ္ေကြးဖ်ားနာျခင္းႏွင့္ အသက္႐ွဴ လမ္းေၾကာင္း ပုိးဝင္ ေရာဂါမ်ားျဖစ္ပြားခဲ့ၿပီး ကေလးသူငယ္မ်ားႏွင့္ ခုခံအားနည္းသူမ်ားတြင္ ေရာဂါအေျခအေန ျပင္းထန္ကာ ေအာက္တုိဘာ ၂၉ ရက္မွ ၃၁ ရက္အတြင္း အသက္ ၁ဝ ႏွစ္ေအာက္ ကေလးငယ္သုံးဦးမွာ ေသဆုံး သြားခဲ့သည္။
 

သုိ႔ျဖစ္၍ ႏိုဝင္ဘာ ၁ ရက္တြင္ အေနာက္ ေျမာက္တုိင္းစစ္ဌာနခ်ဳပ္အတြင္းရွိ နယ္ေျမခံ တပ္မေတာ္ေဆး႐ုံမွ ပါရဂူမ်ား ပါဝင္ေသာ ေဆးကုသေရးအဖြဲ႕ျဖင့္ အဆုိပါေက်းရြာသုိ႔ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား သြားေရာက္ ေဆာင္ ရြက္ေပးခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ေရာဂါျဖစ္ပြားမႈကုိ ထိန္းခ်ဳပ္ႏိုင္ခဲ့၍ အနီးပတ္ဝန္းက်င္ ေက်းရြာမ်ားရွိ ေဒသခံ တုိင္းရင္းသားျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားႏွင့္ က်န္းမာေရး အသိပညာေပး ေဟာေျပာမႈ လုပ္ငန္း မ်ားကုိ ေဆးကုသေရးအဖြဲ႕က ဆက္လက္ လုပ္ေဆာင္ လ်က္ရွိေၾကာင္း သတင္းရရွိသည္။

(Unicode Version)

နေပြည်တော် နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီး မြို့နယ်အတွင်းရှိ တုပ်ကွေးဖျားနာ ရောဂါနှင့် အသက်ရှူ လမ်းကြောင်း ပိုးဝင်ရောဂါများဖြစ်ပွားလျက်ရှိသည့် ရန်နောနောက်ညိုကျေးရွာမှ ဒေသခံပြည်သူ များအား အနောက်မြောက်တိုင်း စစ်ဌာနချုပ်အတွင်းရှိ နယ်မြေခံတပ်မတော်ဆေးရုံမှ ပါရဂူများပါဝင်သော ဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို နိုဝင်ဘာ ၁ ရက် မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၇ ရက်အထိ အဆိုပါ ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူစုစုပေါင်း ၁၇၇ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင် ခဲ့သည်။

ဆေးကုသရေးအဖွဲ့အနေဖြင့် နိုဝင်ဘာ ၃ ရက်မှ ၅ ရက်အထိ ရန်နောနောက်ညိုကျေးရွာ၌ ဒေသခံပြည်သူ ၉၇ ဦး၊ နိုဝင်ဘာ ၆ ရက်တွင် ရန်နောစံရီကျေးရွာရှိ ဒေသခံပြည်သူ ၂ဝ ဦး၊ နိုဝင်ဘာ ၇ ရက်တွင် ဟာရှိတ်တောညိုကျေးရွာရှိ ဒေသခံပြည်သူ ၁၈ ဦး၊ စုစု ပေါင်း ၁၃၅ ဦးတို့ကို ရာသီတုပ်ကွေးရောဂါ၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ၊ သွေးတိုးရောဂါ၊ အာရုံ ကြောအားနည်းရောဂါ၊ အရိုး/အကြော ရောဂါ၊ အစာအိမ်ရောဂါ၊ ဆီးလမ်းကြောင်း ပိုးဝင်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် နိုဝင်ဘာ ၄ ရက်တွင် ရန်နောနောက်ညို ကျေးရွာ၌ ဒေသခံ ပြည်သူ ၈ဝ ဦးတို့ကို ကျန်းမာရေးအသိပညာ ပေးဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက် ပေးသည်။

အောက်တိုဘာ ၂၉ ရက်မှစ၍ ဒုံဟီးမြို့နယ်၊ ရန်နောနောက်ညိုကျေးရွာ၌ တုပ်ကွေးဖျားနာခြင်းနှင့် အသက်ရှူ လမ်းကြောင်း ပိုးဝင် ရောဂါများဖြစ်ပွားခဲ့ပြီး ကလေးသူငယ်များနှင့် ခုခံအားနည်းသူများတွင် ရောဂါအခြေအနေ ပြင်းထန်ကာ အောက်တိုဘာ ၂၉ ရက်မှ ၃၁ ရက်အတွင်း အသက် ၁ဝ နှစ်အောက် ကလေးငယ်သုံးဦးမှာ သေဆုံး သွားခဲ့သည်။

သို့ဖြစ်၍ နိုဝင်ဘာ ၁ ရက်တွင် အနောက် မြောက်တိုင်းစစ်ဌာနချုပ်အတွင်းရှိ နယ်မြေခံ တပ်မတော်ဆေးရုံမှ ပါရဂူများ ပါဝင်သော ဆေးကုသရေးအဖွဲ့ဖြင့် အဆိုပါကျေးရွာသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ သွားရောက် ဆောင် ရွက်ပေးခဲ့ပြီး လက်ရှိအချိန်တွင် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့၍ အနီးပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံ တိုင်းရင်းသားပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောမှု လုပ်ငန်း များကို ဆေးကုသရေးအဖွဲ့က ဆက်လက် လုပ်ဆောင် လျက်ရှိကြောင်း သတင်းရရှိသည်။

Recent News