
 
နေပြည်တော် နိုဝင်ဘာ ၈
 
 


(Unicode Version)

အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲ၍ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ တာခိုင်ကျေးရွာနေ စိုင်းလှမောင်(ဘ) ဦးလုံးရွက်ရီနှင့် စိုင်းဖုန်း(ဘ) ဦးလုံထွမ်းစံတို့ နှစ်ဦးသည် တောင်ယာသို့ သွားရောက်စဉ် နိုဝင်ဘာ ၆ ရက် ည ၉ နာရီခန့်တွင် တာခိုင်ကျေးရွာ၏ အနောက်ဘက် မီတာ ၁၅ဝဝ ခန့်အကွာသို့ အရောက်၌ အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲသဖြင့် ၎င်းတို့နှစ်ဦးတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ သိန်းနီမြို့ရှိ ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည်။

အဆိုပါ မိုင်းထိလူနာများအား နယ်မြေခံတပ်မှ တပ်မတော် အရာရှိကြီးများက သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News