တတိယအႀကိမ္ေျမာက္ အင္းသား အမ်ဳိးသားေန႔ျပဳလုပ္

ေနျပည္ေတာ္   ႏိုဝင္ဘာ  ၈
 
တတိယအႀကိမ္ေျမာက္ အင္းသားအမ်ဳိးသားေန႔ကို ယေန႔နံနက္ပိုင္းတြင္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေညာင္ေရႊၿမိဳ႕ရွိ ၿမိဳ႕နယ္ခန္းမ၌ ျပဳလုပ္ရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ ၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗုိလ္ခ်ဳပ္လင္းေအာင္ႏွင့္ အဖြဲ႕ဝင္မ်ား၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား၊ လူမႈေရး အသင္းအဖြဲ႕မ်ားႏွင့္ ေဒသခံတိုင္းရင္းသား ျပည္သူမ်ား တက္ေရာက္ၾက သည္။
ဦးစြာ အင္းေလးစာေပႏွင့္ ယဥ္ေက်းမႈအဖြဲ႕မွ အင္းသား႐ိုးရာ လံစည္အကျဖင့္ အင္းသားအမ်ဳိးသားေန႔ကို ဖြင့္လွစ္ၾကၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ တိုင္းမွဴးႏွင့္ အလွည့္က်သဘာပတိတို႔က ႏႈတ္ခြန္းဆက္စကားမ်ား အသီးသီး ေျပာၾကားၾကသည္။
 
ထုိ႔ေနာက္ တိုင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက အင္းသားအမ်ဳိးသားေန႔ တိုင္းရင္းသား႐ိုးရာ အေရာင္းျပခန္းမ်ား၌ ခင္းက်င္းျပသထားမႈအား လွည့္လည္ၾကည့္႐ႈ အားေပးခဲ့ေၾကာင္း သတင္းရရွိသည္။
 
(Unicode Version)
 
တတိယအကြိမ်မြောက် အင်းသား အမျိုးသားနေ့ပြုလုပ်

နေပြည်တော်   နိုဝင်ဘာ  ၈

တတိယအကြိမ်မြောက် အင်းသားအမျိုးသားနေ့ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့ရှိ မြို့နယ်ခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြ သည်။
ဦးစွာ အင်းလေးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အင်းသားရိုးရာ လံစည်အကဖြင့် အင်းသားအမျိုးသားနေ့ကို ဖွင့်လှစ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှည့်ကျသဘာပတိတို့က နှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားကြသည်။

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အင်းသားအမျိုးသားနေ့ တိုင်းရင်းသားရိုးရာ အရောင်းပြခန်းများ၌ ခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News