ကသာၿမိဳ႕နယ္၊ ရွားပင္ေက်းရြာအနီး တရားမဝင္သစ္ႏွင့္ ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရမိ

 
ေနျပည္ေတာ္ ႏုိဝင္ဘာ ၈
 
စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာၿမိဳ႕နယ္အတြင္း လံုၿခံဳေရး ေဆာင္ရြက္ေနသည့္ တပ္ဖြဲ႕ဝင္မ်ားသည္ ႏိုဝင္ဘာ ၇ ရက္ နံနက္ ၁၁ နာရီခန္႔တြင္ ရွားပင္ေက်းရြာ၏ အေရွ႕ဘက္မီတာ ၃ဝဝဝ ခန္႔အကြာသို႔ အေရာက္၌ တရားမဝင္ ကညင္သစ္ခြဲသားဆိုဒ္စံု ၁ တန္ခန္႔ႏွင့္ သစ္ထုတ္လုပ္ရာတြင္ အသံုးျပဳသည့္ ၂၅ ေကာင္ အင္ဂ်င္ႏွစ္လံုး၊ ဒိုင္နမိုတစ္လံုး၊ ၄ ေပလႊဝိုင္းတစ္ခု၊ တလိမ့္တံုး ႏွစ္ခု၊ ေထာ္လီ ႏွစ္ခု၊ ပတၱားႀကိဳးတစ္ေခ်ာင္းႏွင့္  ပီပါတစ္လံုး တို႔ကို ပိုင္ရွင္မဲ့ေတြ႕ရွိ သိမ္းဆည္းရမိခဲ့သည္။
 
အဆိုပါသိမ္းဆည္းရမိ တရားမဝင္သစ္မ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ားအား မိုးတားေလး သစ္ေတာဘိနယ္သို႔  စနစ္တက် လႊဲေျပာင္းအပ္ႏွံခဲ့ေၾကာင္း သတင္းရရွိသည္။
 
(Unicode Version)
 
ကသာမြို့နယ်၊ ရှားပင်ကျေးရွာအနီး တရားမဝင်သစ်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော် နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၇ ရက် နံနက် ၁၁ နာရီခန့်တွင် ရှားပင်ကျေးရွာ၏ အရှေ့ဘက်မီတာ ၃ဝဝဝ ခန့်အကွာသို့ အရောက်၌ တရားမဝင် ကညင်သစ်ခွဲသားဆိုဒ်စုံ ၁ တန်ခန့်နှင့် သစ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ၂၅ ကောင် အင်ဂျင်နှစ်လုံး၊ ဒိုင်နမိုတစ်လုံး၊ ၄ ပေလွှဝိုင်းတစ်ခု၊ တလိမ့်တုံး နှစ်ခု၊ ထော်လီ နှစ်ခု၊ ပတ္တားကြိုးတစ်ချောင်းနှင့်  ပီပါတစ်လုံး တို့ကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ တရားမဝင်သစ်များနှင့် ဆက်စပ်ပစ္စည်းများအား မိုးတားလေး သစ်တောဘိနယ်သို့  စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Recent News