ကိုကိုးကြၽန္းၿမိဳ႕နယ္ရွိ ဌာနဆုိင္ရာ ဝန္ထမ္းမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ေတြ႕ဆံု၊ သံုးဘီးယာဥ္မ်ား၊ ေဆး႐ံုသံုးပစၥည္းႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္လွဴဒါန္း

ကိုကိုးကြၽန္းၿမိဳ႕နယ္ရွိ ဌာနဆုိင္ရာ ဝန္ထမ္းမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ေတြ႕ဆံု၊ သံုးဘီးယာဥ္မ်ား၊ ေဆး႐ံုသံုးပစၥည္းႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္လွဴဒါန္း
 
ေနျပည္ေတာ္ ႏုိဝင္ဘာ ၈
 
ရန္ကုန္တုိင္းေဒသႀကီး၊ ကိုကိုးကြၽန္းၿမိဳ႕နယ္ရွိ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ား၊ ဌာနဆုိင္ရာ ဝန္ထမ္းမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္သက္ပံုႏွင့္ အဖြဲ႕ဝင္မ်ားက ကိုကိုးကြၽန္းၿမိဳ႕နယ္ခန္းမ၌ သြားေရာက္ေတြ႕ဆံုသည္။
 
ဦးစြာ တုိင္းမွဴးက အမွာစကားေျပာၾကားသည္။ ထို႔ေနာက္ တုိင္းမွဴးက ကိုကိုးကြၽန္းၿမိဳ႕နယ္ရွိ ဌာနဆုိင္ရာ ဝန္ထမ္းမ်ား သြားလာေရး အဆင္ေျပေစရန္အတြက္ တပ္မေတာ္(ၾကည္း၊ေရ၊ ေလ) မိသားစုမ်ားႏွင့္ အလွဴရွင္မ်ားမွ လွဴဒါန္းသည့္ သံုးဘီးယာဥ္ေလးစီး၊ ၿမိဳ႕နယ္ျပည္သူ႔ ေဆး႐ံုအတြက္ လိုအပ္လ်က္ရွိေသာ Digital Ultrasonic Dignostic Imaging System တစ္လံုး၊ စိုက္ပ်ဳိးေမြးျမဴေရး ဆုိင္ရာ သုတစာအုပ္မ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ရာ တာဝန္ရွိသူမ်ားက လက္ခံရယူၾကသည္။
 

ဆက္လက္၍ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္ ကိုကိုးကြၽန္းၿမိဳ႕နယ္ရွိ သာသနာ့မ႑ိဳင္ေက်ာင္းတိုက္ ဆရာေတာ္ ဘဒၵႏၲအဂၢဝံသအား သြားေရာက္ဖူးေျမာ္၍ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ၊ သုံးဘီးယာဉ်များ၊ ဆေးရုံသုံးပစ္စည်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော် နိုဝင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက ကိုကိုးကျွန်းမြို့နယ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ သွားလာရေး အဆင်ပြေစေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များမှ လှူဒါန်းသည့် သုံးဘီးယာဉ်လေးစီး၊ မြို့နယ်ပြည်သူ့ ဆေးရုံအတွက် လိုအပ်လျက်ရှိသော Digital Ultrasonic Dignostic Imaging System တစ်လုံး၊ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ သုတစာအုပ်များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့နယ်ရှိ သာသနာ့မဏ္ဍိုင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသအား သွားရောက်ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News