မိုင်းခတ်မြို့နယ်၊ မိုင်းနှုန်းကျေးရွာရှိ မိုင်းနှုန်းနှီးဘုရား ပလ္လင်ရေစက်ချ အလှူတော် မင်္ဂလာပြုလုပ်

နေပြည်တော် ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ မိုင်းနှုန်းကျေးရွာရှိ မိုင်းနှုန်းနှီးဘုရား ပလ္လင်ရေစက်ချ အလှူတော် မင်္ဂလာကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါနှီးဘုရား၌ပြုလုပ်ရာ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ခေမာစာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တြိဂံ ဒေသတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက သံဃာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ဖတ်တော်မူသော ပရိတ်တရားတော်များ နာယူကာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် ကျိုင်းတုံမြို့၊ ဟိုခုံပရိယတ္တိ စာသင်တိုက်ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဇောတိကထံမှ ရေစက်ချ တရားနာယူကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

Recent News