အေရွ႕အလယ္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၏ အ႒မ အႀကိမ္ေျမာက္ စုေပါင္း မဟာဘံုကထိန္ အလွဴေတာ္ မဂၤလာ ျပဳလုပ္

 

ေနျပည္ေတာ္ ႏိုဝင္ဘာ ၉

အေရွ႕အလယ္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၏ အ႒မ အႀကိမ္ေျမာက္ စုေပါင္းမဟာဘံုကထိန္ အလွဴေတာ္ မဂၤလာကို ယေန႔နံနက္ပိုင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္ရွိ ဓမၼာ႐ံု၌ျပဳလုပ္ရာ ၿမိဳ႕နယ္ သံဃနာယကဥကၠ႒ ဖာစြန္႔ေက်ာင္းတုိက္ ဆရာေတာ္ ဘဒၵႏၲေသာနႏၵာ အမွဴးျပဳေသာ သံဃာေတာ္မ်ား ၾကြေရာက္ေတာ္မူၾကၿပီး တုိင္းမွဴး ဗုိလ္ခ်ဳပ္ သန္းလိႈင္ႏွင့္ အဖဲြ႕ဝင္မ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက ဖာစြန္႔ေက်ာင္းတုိက္ ဆရာေတာ္ထံမွ ငါးပါးသီလ ခံယူေဆာက္တည္ၾကသည္။ ထုိ႔ေနာက္ တုိင္းမွဴးႏွင့္ အလွဴရွင္မ်ားက သံဃာေတာ္မ်ားအား ကထိန္လ်ာသကၤန္း၊ လွဴဖြယ္ ပစၥည္း မ်ားႏွင့္ ေန႔ဆြမ္းဆက္ကပ္ လွဴဒါန္းၾကသည္။

တုိင္းစစ္ဌာနခ်ဳပ္၏ အ႒မအႀကိမ္ေျမာက္ စုေပါင္းမဟာဘံုကထိန္ အလွဴေတာ္မဂၤလာတြင္ တုိင္းစစ္ဌာနခ်ဳပ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ အလွဴရွင္မ်ားမွ လွဴဒါန္းသည့္ ကထိန္ လ်ာသကၤန္း၊ လွဴဖြယ္ဝတၴဳပစၥည္းမ်ားႏွင့္ နဝကမၼ အလွဴေငြမ်ား ပါဝင္ေသာ ပေဒသာပင္ ၁၃ ခုကို တုိင္းစစ္ဌာနခ်ဳပ္ ဓမၼာ႐ံုမွ ခိုလမ္ၿမိဳ႕အတြင္းသို႔ လွည့္လည္၍ ခိုလမ္တပ္နယ္ရွိ ဘုန္းႀကီး ေက်ာင္းမ်ားသို႔ ပို႔ေဆာင္ဆက္ကပ္ လွဴဒါန္းခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အဋ္ဌမ အကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အလှူတော် မင်္ဂလာ ပြုလုပ်

နေပြည်တော် နိုဝင်ဘာ ၉

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အဋ္ဌမ အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ဓမ္မာရုံ၌ပြုလုပ်ရာ မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဖာစွန့်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောနန္ဒာ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဖာစွန့်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော်များအား ကထိန်လျာသင်္ကန်း၊ လှူဖွယ် ပစ္စည်း များနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

တိုင်းစစ်ဌာနချုပ်၏ အဋ္ဌမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များမှ လှူဒါန်းသည့် ကထိန် လျာသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ပါဝင်သော ပဒေသာပင် ၁၃ ခုကို တိုင်းစစ်ဌာနချုပ် ဓမ္မာရုံမှ ခိုလမ်မြို့အတွင်းသို့ လှည့်လည်၍ ခိုလမ်တပ်နယ်ရှိ ဘုန်းကြီး ကျောင်းများသို့ ပို့ဆောင်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News