ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္၏ (၁၃)ႀကိမ္ေျမာက္ စုေပါင္းမဟာဘုံကထိန္အလွဴေတာ္မဂၤလာျပဳလုပ္

 

ေနျပည္ေတာ္ ႏို၀င္ဘာ ၁၄

ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္၏ (၁၃)ႀကိမ္ေျမာက္ စုေပါင္းမဟာဘုံကထိန္အလွဴေတာ္မဂၤလာကို ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပုဗၺသီရိၿမိဳ႕နယ္ရွိ ေအာင္စည္သာ ပရိယတၱိစာသင္တိုက္၌ျပဳလုပ္ရာ ပ်ဥ္းမနားၿမိဳ႕၊ မဂၤလာေဇယ်ဳံပါဠိတကၠသိုလ္ေက်ာင္းတိုက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲ၀ိမလဗုဒၶိအမွဴးျပဳေသာ သံဃာေတာ္မ်ားၾကြေရာက္ ေတာ္မူၾကၿပီး တိုင္းမွဴး ဗိုလ္ခ်ဳပ္ျမင့္ေမာ္ႏွင့္ အရာရိွ၊ စစ္သည္၊ မိသားစုမ်ား၊ ဖိတ္ၾကားထားသူမ်ားတက္ေရာက္ၾကသည္။

ဦးစြာ တိုင္းမွဴးႏွင့္တက္ေရာက္လာၾကသူမ်ားက ပါဠိတကၠသိုလ္ေက်ာင္းတုိက္ဆရာေတာ္ထံမွ ငါးပါးသီလခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္မ်ားထံ ကထိန္လ်ာသကၤန္းမ်ား၊ လွဴဖြယ္ပစၥည္း မ်ားႏွင့္ ေန႔ဆြမ္းဆက္ကပ္လွဴဒါန္းၾကသည္။

အဆိုပါ စုေပါင္းမဟာဘုံကထိန္အလွဴေတာ္မဂၤလာတြင္ တိုင္းစစ္ဌာနခ်ဳပ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္အလွဴရွင္မ်ားကလွဴဒါန္းသည့္ ကထိန္လ်ာသကၤန္း၊ လွဴဖြယ္ပစၥည္းမ်ားႏွင့္ န၀ကမၼ အလွဴေငြမ်ားပါ၀င္ေသာ ပေဒသာပင္ ၁၆ ခုကို တိုင္းစစ္ဌာနခ်ဳပ္ဓမၼာ႐ံုမွ ပုဗၺသီရိၿမိဳ႕အတြင္း လွည့္လည္၍ေအာင္စည္သာ ပရိယတၱိစာသင္တိုက္သို႔ပို႔ေဆာင္လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာပြုလုပ်

နေပြည်တော် နိုဝင်ဘာ ၁၄

နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ အောင်စည်သာ ပရိယတ္တိစာသင်တိုက်၌ပြုလုပ်ရာ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိအမှူးပြုသော သံဃာတော်များကြွရောက် တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များထံ ကထိန်လျာသင်္ကန်းများ၊ လှူဖွယ်ပစ္စည်း များနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာတွင် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်အလှူရှင်များကလှူဒါန်းသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများပါဝင်သော ပဒေသာပင် ၁၆ ခုကို တိုင်းစစ်ဌာနချုပ်ဓမ္မာရုံမှ ပုဗ္ဗသီရိမြို့အတွင်း လှည့်လည်၍အောင်စည်သာ ပရိယတ္တိစာသင်တိုက်သို့ပို့ဆောင်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News