ေမာ္လၿမိဳင္ၿမိဳ႕နယ္အတြင္းရွိ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ားအားေတြ႕ဆံု၊ က်န္းမာေရးေစာင့္ရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

 

ေနျပည္ေတာ္ ႏုိ၀င္ဘာ ၁၄

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕နယ္ရွိ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ားအား ႏုိ၀င္ဘာ ၁၃ ရက္ ေန႔လယ္ပိုင္းတြင္ အေရွ႕ေတာင္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္မ်ဳိးမိုးေအာင္ႏွင့္အဖဲြ႕၀င္မ်ားက တုိင္းစစ္ဌာနခ်ဳပ္၊ ေအာင္ဆန္းခန္းမ၌ေတြ႕ဆံုသည္။

ဦးစြာ တုိင္းမွဴးက အမွာစကားေျပာၾကားၿပီး စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ား၏ တင္ျပခ်က္မ်ားအေပၚ ညိႇႏႈိင္းေဆာင္ရြက္ေပးကာဆန္၊ ဆီႏွင့္ စားေသာက္ဖြယ္ရာမ်ားေပးအပ္သည္။

ထို႔ျပင္ တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖဲြ႕က စစ္မႈထမ္းေဟာင္းအဖဲြ႕၀င္မ်ားအား ႏွလံုးေရာဂါ၊ ေသြးတိုးေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ ခံတြင္း ေရာဂါ၊ အ႐ုိး/အေၾကာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ကုသရန္လိုအပ္ေသာ စစ္မႈထမ္းေဟာင္းအဖဲြ႕၀င္မ်ားအား ေမာ္လၿမိဳင္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏုိင္ေရးစီစဥ္ေဆာင္ရြက္ေပးသည္။

ယင္းသို႔ ေဆာင္ရြက္ေပးေနမႈမ်ားကိုတုိင္းမွဴးႏွင့္အဖြဲ႕၀င္မ်ားက သြားေရာက္ၾကည့္႐ႈအားေပး စကားေျပာၾကားၿပီး စာၾကည့္မ်က္မွန္မ်ားတပ္ဆင္ေပးကာ သုတ၊ ရသစာအုပ္၊ စာေစာင္မ်ား ေပးအပ္ခဲ့ေၾကာင္းသတင္းရရွိသည္။

(Unicode Version)

မော်လမြိုင်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအားတွေ့ဆုံ၊ ကျန်းမာရေးစောင့်ရှာက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၁၄

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား နိုဝင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့်အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများပေးအပ်သည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်း ရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးစီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကိုတိုင်းမှူးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေး စကားပြောကြားပြီး စာကြည့်မျက်မှန်များတပ်ဆင်ပေးကာ သုတ၊ ရသစာအုပ်၊ စာစောင်များ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

Recent News