ဗထူးတပ္ၿမိဳ႕၊ အမွတ္(၃)အေျခခံပညာ မူလတန္းလြန္ေက်ာင္းမွ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

 

ေနျပည္ေတာ္  ႏုိဝင္ဘာ  ၁၄

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ရပ္ေစာက္ၿမိဳ႕နယ္၊ ဗထူးတပ္ၿမိဳ႕ရွိ အမွတ္(၃) အေျခခံပညာ မူလတန္းလြန္ေက်ာင္းမွ ဆရာ၊ ဆရာမမ်ား ႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔ နံနက္ပိုင္းတြင္ အေရွ႕ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါ ေက်ာင္းခန္းမ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္း သား၊ ေက်ာင္းသူ စုစုေပါင္း ၂၄၈ ဦးတုိ႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ အေထြေထြေရာဂါတုိ႔ ႏွင့္ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ကုသရန္ လိုအပ္သူ ငါးဦးအား ဗထူးတပ္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ဗထူးတပ်မြို့၊ အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  နိုဝင်ဘာ  ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ အမှတ်(၃) အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျောင်းခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူ စုစုပေါင်း ၂၄၈ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့ နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ငါးဦးအား ဗထူးတပ်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News