ျမစ္ကမ္းပါး ၿပိဳက်မႈျဖစ္ပြားခဲ့သည့္ အေဖ်ာက္ၿမိဳ႕၌ ျမစ္ကမ္းပါး အနီးရွိ ေနအိမ္မ်ားအား တပ္မေတာ္သားမ်ားႏွင့္ ဌာနဆိုင္ရာ ဝန္ထမ္းမ်ားက ကူညီေရႊ႕ေျပာင္း

 

ေနျပည္ေတာ္   ႏိုဝင္ဘာ   ၁၄

ရန္ကုန္္တုိင္းေဒသႀကီး၊ တုိက္ႀကီးၿမိဳ႕နယ္၊ အေဖ်ာက္ၿမိဳ႕၊ အမွတ္(၄)ရပ္ကြက္ရွိ ပန္းတုံးပိတ္ေက်းရြာ အလယ္ပိုင္း၌ ႏိုဝင္ဘာ ၁၃ ရက္ ညေနပိုင္းတြင္ ဧရာဝတီျမစ္ကမ္းပါး ၿပိဳက်မႈေၾကာင့္ ျမစ္ကမ္းပါး အနီးရွိ ေနအိမ္ႏွစ္လုံး ၿပိဳက်ပ်က္စီး၍ ျမစ္အတြင္း ေမ်ာပါသြားခဲ့သည္။

ျမစ္ကမ္းပါးၿပိဳက်မႈေၾကာင့္ လူမ်ားထိခိုက္ ဒဏ္ရာရရွိမႈ မရွိေသာ္လည္း ျမစ္ကမ္းပါး အနီးေနထိုင္လ်က္ရွိသည့္   ေနအိမ္မ်ားမွ ေဒသခံျပည္သူမ်ား၏ ဆႏၵအရ ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္၊ တိုက္ႀကီး တပ္နယ္မွ တပ္မေတာ္သားမ်ား၊ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာ ဝန္ထမ္းမ်ားႏွင့္ ေဒသခံျပည္သူမ်ား ပူးေပါင္း၍  ၎တို႔၏ ေနအိမ္မ်ားႏွင့္ အသုံးအေဆာင္ပစၥည္းမ်ားကို ေရေဘးကင္းလြတ္ရာ ေနရာမ်ားသို႔ ကူညီ ေရႊ႕ေျပာင္းေပး ခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

မြစ်ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့သည့် အဖျောက်မြို့၌ မြစ်ကမ်းပါး အနီးရှိ နေအိမ်များအား တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ကူညီရွှေ့ပြောင်း

နေပြည်တော်   နိုဝင်ဘာ   ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပန်းတုံးပိတ်ကျေးရွာ အလယ်ပိုင်း၌ နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းတွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် မြစ်ကမ်းပါး အနီးရှိ နေအိမ်နှစ်လုံး ပြိုကျပျက်စီး၍ မြစ်အတွင်း မျောပါသွားခဲ့သည်။

မြစ်ကမ်းပါးပြိုကျမှုကြောင့် လူများထိခိုက် ဒဏ်ရာရရှိမှု မရှိသော်လည်း မြစ်ကမ်းပါး အနီးနေထိုင်လျက်ရှိသည့်   နေအိမ်များမှ ဒေသခံပြည်သူများ၏ ဆန္ဒအရ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုက်ကြီး တပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍  ၎င်းတို့၏ နေအိမ်များနှင့် အသုံးအဆောင်ပစ္စည်းများကို ရေဘေးကင်းလွတ်ရာ နေရာများသို့ ကူညီ ရွှေ့ပြောင်းပေး ခဲ့ကြောင်း သတင်း ရရှိသည်။

Recent News