ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ရွင္းေတာင္ၿမိဳ႕ရွိ Great Wall 197 ေရငုပ္သေဘၤာအားသြားေရာက္ေလ့လာ၊ ရွင္းေတာင္ ကမ္းေျခလွည့္လည္ၾကည့္႐ႈ၊ ေပက်င္းၿမိဳ႕သို႔ ဆက္လက္ထြက္ခြာ

 

ေနျပည္ေတာ္၊ ႏို၀င္ဘာ - ၁၅

တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံသို႔ ေရာက္ရွိေနသည့္ ဒုတိယတပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းဦးေဆာင္ေသာ ျမန္မာ့ တပ္မေတာ္ကိုယ္စားလွယ္အဖဲြ႕သည္ ႏို၀င္ဘာ ၁၄ ရက္ ေဒသစံေတာ္ခ်ိန္ နံနက္ ၉ နာရီတြင္ ရွင္းေတာင္ၿမိဳ႕ဆိပ္ကမ္းအမွတ္(၃)ဆိပ္ခံတံတား သို႔ေရာက္ရိွရာ တ႐ုတ္ျပည္သူ႕ လြတ္ေျမာက္ေရး တပ္မေတာ္ ေျမာက္ပိုင္းစစ္နယ္၀န္း ကြပ္ကဲမႈဌာနခ်ဳပ္၊ ေရတပ္ဒုတိယ စစ္ဦးစီးခ်ဳပ္ Rear Admiral Yang Su၊ Great Wall 197 ေရငုပ္သေဘၤာ Commanding Officer ျဖစ္သူ Commander Tang Chunye  ႏွင့္ တာ၀န္ရွိသူမ်ားက ႀကိဳဆိုခဲ့ၾကသည္။

ဦးစြာ Commander Tang Chunye မွ ေရငုပ္သေဘၤာဆိုင္ရာအခ်က္အလက္မ်ား အား ပဏာမရွင္းလင္းတင္ျပခဲ့ၿပီး ေရငုပ္သေဘၤာအတြင္းသို႔ ေလ့လာၾကည့္႐ႈရာ တာ၀န္ရွိသူမ်ားက လိုက္လံရွင္းလင္းျပသၾကသည္။

အဆိုပါ Great Wall 197 ေရငုပ္သေဘၤာသည္ Type-039(Song Class) အမ်ဳိးအစားျဖစ္ၿပီး တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္၌ ၂၀၀၂ ခုႏွစ္မွစ၍ တပ္ေတာ္၀င္ခဲ့ျခင္းျဖစ္ကာ စစ္ဆင္ေရးတာ၀န္မ်ားထမ္းေဆာင္လ်က္ရွိေၾကာင္း သိရသည္။

ထို႕ေနာက္ ေလ့လာၾကည့္႐ႈမႈမ်ားအၿပီးတြင္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ခဲ့ၾကသည္။

ယင္းေနာက္ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖဲြ႕သည္ ေျမာက္ပိုင္းစစ္နယ္ ၀န္းကြပ္ကဲမႈဌာနခ်ဳပ္၊ ေရတပ္ဒုတိယစစ္ဦးစီးခ်ဳပ္ Rear Admiral Yang Su  ႏွင့္ တာ၀န္ရွိသူ မ်ားလိုက္ပါလ်က္ ႏို၀င္ဘာ ၁၄ ရက္ ေဒသစံေတာ္ခ်ိန္နံနက္ ၁၀ နာရီခြဲတြင္ ရွင္းေတာင္ၿမိဳ႕၏ ယဥ္ေက်းမႈႏွင့္ သမုိင္း၀င္ေနရာ တစ္ခုျဖစ္သည့္ Zhanqiao Pier (က်န္႕ေရွာင္ဆိပ္ခံတံတား)သို႔ေရာက္ရွိရာ တာ၀န္ရွိသူမ်ားက ႀကိဳဆိုခဲ့ၾကသည္။

ထို႕ေနာက္ ဆိပ္ခံတံတားတစ္ေလွ်ာက္ႏွင့္ တံတားျပတိုက္ေနရာအား လွည့္လည္ ၾကည့္႐ႈရာ တာ၀န္ရွိသူမ်ားက လိုက္လံရွင္းလင္းျပသခဲ့ၾကသည္။

အဆုိပါ Zhanqiao Pier သည္ ရွင္းေတာင္ၿမိဳ႕ ဂ်ာမနီလက္ေအာက္သို႔ ေရာက္ရွိ စဥ္ကာလ ၁၈၉၇ ခုႏွစ္ခန္႕တြင္ ဂ်ာမနီတို႕တည္ေဆာက္ခဲ့သည့္ သံေဘာင္ဆိပ္ခံတံတား တစ္ခုျဖစ္ၿပီး တ႐ုတ္တို႕မွ ၁၉၃၁ ခုႏွစ္တြင္ ျပန္လည္ျပဳျပင္တည္ေဆာက္ကာ ၁၉၃၃ ခုႏွစ္၊ ဇူလိုင္လ ၁ ရက္တြင္ တရား၀င္ ဖြင့္လွစ္ခဲ့သည့္ သမိုင္း၀င္ေနရာတစ္ခုျဖစ္ၿပီး ခရီးသြားဧည့္သည္ အေျမာက္အျမား လာေရာက္ လည္ပတ္လ်က္ရွိေသာ ေနရာတစ္ခု ျဖစ္ေၾကာင္း သိရသည္။

ထို႕ေနာက္ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖဲြ႕သည္ ရွင္းေတာင္ၿမိဳ႕ကမ္းေျခ တစ္ေလွ်ာက္ လွည့္လည္ၾကည့္႐ႈၾကၿပီး ရွင္းေတာင္ၿမိဳ႕ May 4  အေရးေတာ္ပံုအထိမ္းအမွတ္ ၀ကၤပါေက်ာက္တိုင္ ေရွ႕၌ အမွတ္တရဓာတ္ပံု႐ိုက္ခဲ့ၾကသည္။

ဆက္လက္ၿပီး ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖဲြ႕သည္ ႏို၀င္ဘာ ၁၄ ရက္ ေဒသစံေတာ္ခ်ိန္ မြန္းလြဲ ၃ နာရီတြင္ ရွင္းေတာင္ၿမိဳ႕မွ ေပက်င္းၿမိဳ႕သို႕ တ႐ုတ္ျပည္သူ႕ လြတ္ေျမာက္ေရး တပ္မေတာ္ ေလယာဥ္ျဖင့္ ဆက္လက္ထြက္ခြာခဲ့ရာ တ႐ုတ္ျပည္သူ႕ လြတ္ေျမာက္ေရးတပ္မေတာ္ ေျမာက္ပိုင္း စစ္နယ္၀န္းကြပ္ကဲမႈဌာနခ်ဳပ္၊ ေရတပ္ ဒုတိယစစ္ဦးစီးခ်ဳပ္ Rear Admiral Yang Su ႏွင့္ တာ၀န္ရွိသူမ်ားက ရွင္းေတာင္ၿမိဳ႕ Liuting ေလဆိပ္၌ ပို႕ေဆာင္ႏႈတ္ဆက္ခဲ့ၾကသည္။

ထို႕ေနာက္ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖဲြ႕သည္ ညေန ၄ နာရီခြဲတြင္ ေပက်င္း ၿမိဳ႕သို႔ ေရာက္ရွိရာ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးသစ္လင္းအုန္း၊ တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္ ႏုိင္ငံတကာစစ္ဘက္ ပူးေပါင္းေဆာင္ရြက္ေရး႐ံုးမွ ဌာနႀကီးမွဴး Senior Colonel Liu Zhau Bing ႏွင့္ တာ၀န္ရွိသူမ်ားက ႀကိဳဆိုခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရှင်းတောင်မြို့ရှိ Great Wall 197 ရေငုပ်သင်္ဘောအားသွားရောက်လေ့လာ၊ ရှင်းတောင် ကမ်းခြေလှည့်လည်ကြည့်ရှု၊ ပေကျင်းမြို့သို့ ဆက်လက်ထွက်ခွာ

နေပြည်တော်၊ နိုဝင်ဘာ - ၁၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဦးဆောင်သော မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၄ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ရှင်းတောင်မြို့ဆိပ်ကမ်းအမှတ်(၃)ဆိပ်ခံတံတား သို့ရောက်ရှိရာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် မြောက်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ်၊ ရေတပ်ဒုတိယ စစ်ဦးစီးချုပ် Rear Admiral Yang Su၊ Great Wall 197 ရေငုပ်သင်္ဘော Commanding Officer ဖြစ်သူ Commander Tang Chunye  နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ဦးစွာ Commander Tang Chunye မှ ရေငုပ်သင်္ဘောဆိုင်ရာအချက်အလက်များ အား ပဏာမရှင်းလင်းတင်ပြခဲ့ပြီး ရေငုပ်သင်္ဘောအတွင်းသို့ လေ့လာကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

အဆိုပါ Great Wall 197 ရေငုပ်သင်္ဘောသည် Type-039(Song Class) အမျိုးအစားဖြစ်ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၌ ၂၀၀၂ ခုနှစ်မှစ၍ တပ်တော်ဝင်ခဲ့ခြင်းဖြစ်ကာ စစ်ဆင်ရေးတာဝန်များထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

ထို့နောက် လေ့လာကြည့်ရှုမှုများအပြီးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။

ယင်းနောက် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် မြောက်ပိုင်းစစ်နယ် ဝန်းကွပ်ကဲမှုဌာနချုပ်၊ ရေတပ်ဒုတိယစစ်ဦးစီးချုပ် Rear Admiral Yang Su  နှင့် တာဝန်ရှိသူ များလိုက်ပါလျက် နိုဝင်ဘာ ၁၄ ရက် ဒေသစံတော်ချိန်နံနက် ၁၀ နာရီခွဲတွင် ရှင်းတောင်မြို့၏ ယဉ်ကျေးမှုနှင့် သမိုင်းဝင်နေရာ တစ်ခုဖြစ်သည့် Zhanqiao Pier (ကျန့်ရှောင်ဆိပ်ခံတံတား)သို့ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ထို့နောက် ဆိပ်ခံတံတားတစ်လျှောက်နှင့် တံတားပြတိုက်နေရာအား လှည့်လည် ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

အဆိုပါ Zhanqiao Pier သည် ရှင်းတောင်မြို့ ဂျာမနီလက်အောက်သို့ ရောက်ရှိ စဉ်ကာလ ၁၈၉၇ ခုနှစ်ခန့်တွင် ဂျာမနီတို့တည်ဆောက်ခဲ့သည့် သံဘောင်ဆိပ်ခံတံတား တစ်ခုဖြစ်ပြီး တရုတ်တို့မှ ၁၉၃၁ ခုနှစ်တွင် ပြန်လည်ပြုပြင်တည်ဆောက်ကာ ၁၉၃၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်တွင် တရားဝင် ဖွင့်လှစ်ခဲ့သည့် သမိုင်းဝင်နေရာတစ်ခုဖြစ်ပြီး ခရီးသွားဧည့်သည် အမြောက်အမြား လာရောက် လည်ပတ်လျက်ရှိသော နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။

ထို့နောက် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ရှင်းတောင်မြို့ကမ်းခြေ တစ်လျှောက် လှည့်လည်ကြည့်ရှုကြပြီး ရှင်းတောင်မြို့ May 4  အရေးတော်ပုံအထိမ်းအမှတ် ဝင်္ကပါကျောက်တိုင် ရှေ့၌ အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြသည်။

ဆက်လက်ပြီး မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ရှင်းတောင်မြို့မှ ပေကျင်းမြို့သို့ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် မြောက်ပိုင်း စစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်၊ ရေတပ် ဒုတိယစစ်ဦးစီးချုပ် Rear Admiral Yang Su နှင့် တာဝန်ရှိသူများက ရှင်းတောင်မြို့ Liuting လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ညနေ ၄ နာရီခွဲတွင် ပေကျင်း မြို့သို့ ရောက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နိုင်ငံတကာစစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးရုံးမှ ဌာနကြီးမှူး Senior Colonel Liu Zhau Bing နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News