ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းအား ျမန္မာစစ္သံ(ၾကည္း၊ ေရ၊ ေလ)႐ံုးမွ ညစာစားပြဲျဖင့္တည္ခင္းဧည့္ခံ၊ ျမန္မာ့တပ္မေတာ္မွ သင္တန္းသားအရာရွိမ်ားအားေတြ႕ဆံု

 

ေနျပည္ေတာ္၊ ႏို၀င္ဘာ - ၁၅

တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံသို႔ ေရာက္ရွိေနေသာဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖဲြ႕သည္ ႏို၀င္ဘာ ၁၄ ရက္ ေဒသစံေတာ္ခ်ိန္ ညေန ၅ နာရီ ခြဲတြင္ ေပက်င္းၿမိဳ႕ရွိ ျမန္မာစစ္သံ(ၾကည္း၊ ေရ၊ ေလ)႐ံုးသို႔ေရာက္ရွိၾကရာ ျမန္မာသံ႐ံုး၊ စစ္သံ႐ံုးမိသားစုမ်ားမွ ႀကိဳဆိုခဲ့ၾကသည္။

ထို႕ေနာက္ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံဆိုင္ရာ ျမန္မာစစ္သံ(ၾကည္း၊ ေရ၊ ေလ)႐ံုးမွ စစ္သံမွဴးႏွင့္ ဇနီးအပါအ၀င္ စစ္သံစစ္မႈထမ္းမ်ားႏွင့္ မိသားစု၀င္မ်ား၊ တ႐ုတ္ျပည္သူ႕ သမၼတႏိုင္ငံ၊ ေပက်င္းၿမိဳ႕တြင္ သင္တန္းတက္ေရာက္လ်က္ရွိေသာ ျမန္မာ့တပ္မေတာ္မွ သင္တန္းသားအရာရွိမ်ားအားေတြ႕ဆံု၍ စစ္ဘက္သံတမန္ျဖစ္သည္ႏွင့္အညီ ႏွစ္ႏိုင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးႏွင့္ ပူးေပါင္း ေဆာင္ရြက္မႈမ်ား ပိုမိုတိုးတက္ ေကာင္းမြန္ေစရန္ ႀကိဳးပမ္းေဆာင္ရြက္သြားရမည္ျဖစ္ေၾကာင္း၊ အေတြ႕အႀကံဳဗဟုသုတမ်ား တိုးပြားလာေစေရး ေလ့လာဆည္းပူး၍ ႏုိင္ငံတကာအေျခအေနမ်ားကို လည္း စဥ္ဆက္မျပတ္ေလ့လာတင္ျပသြားရန္လိုေၾကာင္း၊ သင္တန္းသားမ်ားအေနျဖင့္လည္း ရရွိထား သည့္ အခြင့္အေရးကို အျပည့္အ၀အသံုးခ်၍ ပိုမိုျမင့္မားသည့္ အသိပညာ၊ အတတ္ပညာရပ္မ်ားကုိ စနစ္တက် ႀကိဳးစားသင္ယူကာ ျပန္လည္မွ်ေ၀သင္ၾကား၊ အသံုးခ်ႏိုင္ေအာင္ ေဆာင္ရြက္သြား ရမည္ျဖစ္ေၾကာင္း၊ ကိုယ္စီက်န္းမာေရးဂ႐ုစိုက္ၾကရန္ႏွင့္ က်န္းမာေရးေကာင္းမြန္မွသာ ေပးအပ္ထား သည့္ လုပ္ငန္းတာ၀န္မ်ားကို ေက်ပြန္စြာထမ္းေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း မွာၾကားခဲ့သည္။

ထို႕ေနာက္ ျမန္မာသံ႐ံုး၊ စစ္သံ႐ံုးမိသားစုမ်ားႏွင့္ သင္တန္းသားအရာရွိမ်ားအား အမွတ္တရ လက္ေဆာင္ပစၥည္းႏွင့္ ေဒသထြက္စားေသာက္ဖြယ္ရာမ်ားေပးအပ္ကာ ျမန္မာ စစ္သံ(ၾကည္း၊ ေရ၊ ေလ) ဗိုလ္မွဴးခ်ဳပ္ တင့္ဆန္းႏွင့္ ဇနီးတို႕က တည္ခင္းဧည့္ခံသည့္ ညစာစားပြဲသို႕ တက္ေရာက္ခဲ့ ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးမှ ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ၊ မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိများအားတွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ - ၁၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသောဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၄ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ခွဲတွင် ပေကျင်းမြို့ရှိ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးသို့ရောက်ရှိကြရာ မြန်မာသံရုံး၊ စစ်သံရုံးမိသားစုများမှ ကြိုဆိုခဲ့ကြသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးမှ စစ်သံမှူးနှင့် ဇနီးအပါအဝင် စစ်သံစစ်မှုထမ်းများနှင့် မိသားစုဝင်များ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် သင်တန်းတက်ရောက်လျက်ရှိသော မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိများအားတွေ့ဆုံ၍ စစ်ဘက်သံတမန်ဖြစ်သည်နှင့်အညီ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက် ကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အတွေ့အကြုံဗဟုသုတများ တိုးပွားလာစေရေး လေ့လာဆည်းပူး၍ နိုင်ငံတကာအခြေအနေများကို လည်း စဉ်ဆက်မပြတ်လေ့လာတင်ပြသွားရန်လိုကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း ရရှိထား သည့် အခွင့်အရေးကို အပြည့်အဝအသုံးချ၍ ပိုမိုမြင့်မားသည့် အသိပညာ၊ အတတ်ပညာရပ်များကို စနစ်တကျ ကြိုးစားသင်ယူကာ ပြန်လည်မျှဝေသင်ကြား၊ အသုံးချနိုင်အောင် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ကိုယ်စီကျန်းမာရေးဂရုစိုက်ကြရန်နှင့် ကျန်းမာရေးကောင်းမွန်မှသာ ပေးအပ်ထား သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

ထို့နောက် မြန်မာသံရုံး၊ စစ်သံရုံးမိသားစုများနှင့် သင်တန်းသားအရာရှိများအား အမှတ်တရ လက်ဆောင်ပစ္စည်းနှင့် ဒေသထွက်စားသောက်ဖွယ်ရာများပေးအပ်ကာ မြန်မာ စစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် တင့်ဆန်းနှင့် ဇနီးတို့က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။

Recent News