vip

ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၂၆၀၇ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဘုရားအမှူးပြုသော သံဃာတော်အရှင်သူမြတ် ၁၀၈ ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲ ပြုလုပ်

 

နေပြည်တော် နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ တည်ထားကိုးကွယ်သည့် လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး၏ ၂၆၀၇ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ဘုရားအမှူးပြုသော သံဃာတော်အရှင်သူမြတ် ၁၀၈ ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီးရင်ပြင်တော်၌ပြုလုပ်ရာ ဓမ္မောဒယကျောင်းတိုက်ဦးစီးပဓာန ဂေါပကအဖွဲ့ သြ၀ါဒါစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမိန္ဒအမှူးပြုသော သံဃာတော်များကြွရောက် တော်မူသည်။

တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူသူများအား ကြည့်ရှု အားပေး

 

နေပြည်တော်  နိုဝင်ဘာ  ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊  စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား  နိုဝင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကား ပြောကြားပြီး  စားသောက်ဖွယ်ရာများ ပေးအပ်သည်။

Eighth Maha communal Kathina robes offering ceremony of families of offices and departments from Office of the Commander-in-Chief (Army, Navy and Air) takes place in Thayawhan Village of Zeyathiri Township

 

Nay Pyi Taw November 15

The eighth Maha communal Kathina robes offering ceremony of families of the offices and departments from the Office of the Commander-in-Chief (Army, Navy and Air) took place at Atulamanaung Monastery in Thayawhan Village in Zeyathiri Township,here, this morning, attended by Commander-in-Chief of Defence Services Senior General Min Aung Hlaing who donated Kathina robes and offertories.

Vice-Senior General Soe Win enjoys dinner hosted by office of Myanmar Military Attaché (Army, Navy and Air),meets officer trainees from Myanmar Tatmadaw

 

Nay Pyi Taw November 15

The Myanmar Tatmadaw delegation led by Deputy Commander-in-Chief of Defence Services Commander-in-Chief (Army)Vice-Senior General Soe Win arrived at the office of Myanmar Military Attaché(Army, Navy and Air) in Beijing at 5.30 pm local standard time on 14 November and was welcomed by families of the Myanmar embassy and the Military Attaché’s Office.

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးမှ ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ၊ မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိများအားတွေ့ဆုံ

 

နေပြည်တော်၊ နိုဝင်ဘာ - ၁၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသောဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၄ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ခွဲတွင် ပေကျင်းမြို့ရှိ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးသို့ရောက်ရှိကြရာ မြန်မာသံရုံး၊ စစ်သံရုံးမိသားစုများမှ ကြိုဆိုခဲ့ကြသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)ရုံး/ဌာနမိသားစုများ၏ အဋ္ဌမအကြိမ် စုပေါင်းမဟာ ဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ဇေယျာသီရိမြို့နယ်၊ သာယာဝှမ်းကျေးရွာ၌ကျင်းပ

 

နေပြည်တော်၊ နိုဝင်ဘာ - ၁၅

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)ရုံး/ဌာန မိသားစုများမှ ခင်းကျင်း လှူဒါန်းသည့် အဋ္ဌမ အကြိမ်မြောက် မဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သာယာဝှမ်းကျေးရွာရှိ      အတုလမာန်အောင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) ရုံး/ဌာန မိသားစုများ၏ အဋ္ဌမအကြိမ် စုပေါင်းမဟာ ဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ဇေယျာသီရိမြို့နယ်၊ သာယာဝှမ်းကျေးရွာ၌ ကျင်းပ

 

နေပြည်တော်၊ နိုဝင်ဘာ ၁၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သာယာဝှမ်းကျေးရွာရှိ အတုလမာန်အောင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) ရုံး/ဌာန မိသားစုများ၏ အဋ္ဌမအကြိမ်  စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ သံဃာတော်အရှင်သူမြတ် များအား ကထိန်လျာသင်္ကန်းနှင့်  လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

(Unicode Version)

မြစ်ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့သည့် အဖျောက်မြို့၌ မြစ်ကမ်းပါး အနီးရှိ နေအိမ်များအား တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ကူညီရွှေ့ပြောင်း

 

နေပြည်တော်   နိုဝင်ဘာ   ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပန်းတုံးပိတ်ကျေးရွာ အလယ်ပိုင်း၌ နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းတွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် မြစ်ကမ်းပါး အနီးရှိ နေအိမ်နှစ်လုံး ပြိုကျပျက်စီး၍ မြစ်အတွင်း မျောပါသွားခဲ့သည်။

Recent News