နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား Video Conferencing ဖြင့် တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား Video Conferencing ဖြင့် တွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၅ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကုလ သမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Christine Schraner Burgener အား Video Conferencing ဖြင့် တွေ့ဆုံ ဆွေးနွေးသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေးပြောကြားရာတွင် ရွေးကောက်ပွဲ အကြိုကာလအခြေအနေ၊ ရွေးကောက်ပွဲပြီးစီးသည့် နောက်ပိုင်းအခြေအနေ နှင့် အရေး ပေါ်ကာလကြေငြာပြီးနောက်ပိုင်းအခြေအနေအသေးစိတ်အား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြဌာန်းချက်၊ UEC ၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် တည်ဆဲပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများနှင့်အညီဆောင်ရွက်မှု၊ သတင်းထုတ်ပြန်မှု၊ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့မှု၊ UEC ထံသို့ (၁၀ ဒသမ၄)သန်းကျော် မဲစာရင်းထပ်နေမှုအား ပွင့်လင်းမြင်သာစွာ ဖြေရှင်းပေးနိုင်ရေး တင်ပြမှုနှင့် UEC မှ တုန့်ပြန်မှုတို့ကိုလည်းကောင်း၊ ဒုတိယအကြိမ်လွှတ်တော်သက်တမ်း အတွင်း လွှတ်တော်အထူးအစည်းအဝေးခေါ်ယူကျင်းပခွင့်ကို လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းမှ လက်မှတ်ရေးထိုးတင်ပြသော်လည်း လွှတ်တော်နာယကမှ ပယ်ချမှု အခြေအနေကိုလည်းကောင်း၊ နိုင်ငံတော်အဆင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ခေါ်ယူခွင့်တင်ပြချက်ပေါ်တွင်လည်း သမ္မတရုံးမှ ပယ်ချမှု အခြေအနေကို လည်းကောင်း၊ တတိယအကြိမ်လွှတ်တော်အစည်းအဝေးခေါ်ယူရန် ပြင်ဆင်ဆောင်ရွက် မှု အခြေအနေများကိုလည်းကောင်း စသည်ဖြင့် တပ်မတော်မှ အဆင့်ဆင့် တင်ပြခြင်း၊ အသိပေးခြင်း၊ သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့သည့်အခြေအနေများကိုအသေးစိတ် ဆွေးနွေးပြီး မရှင်းလင်းသည့်အချက်များကို အပြန်အလှန်ဆွေးနွေးကြသည်။

၎င်းနောက် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ် နှင့် အညီဆောင်ရွက်ခဲ့မှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းမှု၊ တိုင်းဒေသကြီး နှင့်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းမှု၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ အသီးသီး ဖွဲ့စည်းထားမှုအခြေအနေများကို ဆက်လက်ဆွေးနွေးကြသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်က သိရှိလိုသည်များနှင့် မရှင်းလင်းသည့်အချက်များ ပြန်လည်ဆွေးနွေး မှုများအပေါ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ပြန်လည် ဆွေးနွေးပြီးနောက် ဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့သည်။

ထို့ပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ( ကိုယ်စားလှယ်ထံသို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သဘောထားထုတ်ပြန် ၊ ချက်၊ သတင်းစာရှင်းလင်းပွဲနှင့် အပြန်အလှန်ဆွေးနွေးချက်တို့အား Softcopy ဖြင့် ဆက်လက်ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

Recent News