တပ်မတော်ဆေးရုံသို့ လူနာများသွားရောက်ပို့ဆောင်သည့် ပရဟိတလူမှုကူညီရေးအသင်း များမှ မော်တော်ယာဉ်များနှင့်ယာဉ်မောင်းများအား ဆူပူအကြမ်းဖက်သမားများက ဥပဒေမဲ့ ပြုမှုခြင်းများ ဆောင်ရွက်

 

တပ်မတော်ဆေးရုံသို့ လူနာများသွားရောက်ပို့ဆောင်သည့် ပရဟိတလူမှုကူညီရေးအသင်း များမှ မော်တော်ယာဉ်များနှင့်ယာဉ်မောင်းများအား ဆူပူအကြမ်းဖက်သမားများက ဥပဒေမဲ့ ပြုမှုခြင်းများ ဆောင်ရွက်

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၅
    
နိုင်ငံတစ်ဝန်းရှိ အချို့ပြည်သူ့ဆေးရုံများ၌ ဒေသခံပြည်သူများအား လက်ခံကုသ ပေးနိုင်မှုမရှိသည့်အခြေအနေများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် တပ်မတော်မှ တိုင်းဒေသကြီး နှင့်ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးအခက်အခဲများကို တစ်ထောင့် တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ ယာယီကုသရေးဆေးရုံများဖွင့်လှစ်၍လူနာများအား လက်ခံကုသပေးပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
    
ထိုသို့စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ပုသိမ်မြို့၊ အမှတ်(၈)ရပ်ကွက်နေ ဦးစန်းထွန်း နိုင် ဦးစီးသော ဖြူစင်မေတ္တာပရဟိတလူမှုရေးယာဉ်သည် အမှတ်(၇)ရပ်ကွက်မှ လူနာ ၂ဦး အား ယနေ့နံနက် ၁ နာရီခန့်တွင် တပ်မတော်ဆေးရုံသို့ သွားရောက်ပို့ဆောင်စဉ် အမှတ်(၆) ရပ်ကွက်၊ ဘန့်ဘွေးကုန်းလမ်းပေါ်သို့အရောက်၌ ရပ်ကွက်နေပြည်သူ ၃၀ ဦးခန့်က တုတ်များ၊ ခဲများကိုင်ဆောင်ကာ ကားအားတားဆီးခဲ့ကြောင်း၊ ယာဉ်မောင်းဖြစ်သူမှ ကားအားရပ်၍ လူနာပို့ဆောင်မည့်အကြောင်းကို ရှင်းပြခဲ့သော်လည်း ရပ်ကွက်နေပြည်သူများမှ ကြိမ်းမောင်း ဆဲဆို၍ကားမှန်အား ရိုက်ခွဲခဲ့ကြောင်း၊ ယာဉ်မောင်းမှ လူမှုရေးယာဉ်ကို ဆက်လက်မောင်းနှင် ခဲ့ပြီး ထပ်မံမောင်းနှင်ပို့ဆောင်ရန်ထိတ်လန့်လာသဖြင့် အမှတ်(၄) ရပ်ကွက်၊ မင်းကြီးလမ်းအနီး၌ ကားအားရပ်တန့်၍ ဦးရဲသွေးနီ မောင်းနှင်သော Green Future လူမှုကယ်ဆယ်ရေး အစိမ်းရောင်အနာဂတ်လူမှုရေးယာဉ်အား ဖုန်းဆက်အကူအညီတောင်းခံပြီး လူနာများအား Green Future  လူမှုကယ်ဆယ်ရေးအသင်း၏ယာဉ်ဖြင့် တပ်မတော်ဆေးရုံသို့ ဆက်လက် ပို့ဆောင်စေခဲ့ကြောင်း၊ တပ်မတော်ဆေးရုံမှ လိုအပ်သည့်ဆေးဝါးကုသမှုများခံယူပြီး နံနက် ၂ နာရီခန့်တွင် ၎င်းယာဉ်ဖြင့် ပြန်လည်မောင်းနှင်လာစဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးသို့ အရောက် ဆူပူအကြမ်းဖက်သူအချို့က ခဲများဖြင့်ပစ်ပေါက်ခဲ့သဖြင့် ဝေဠုဝန်လမ်းအတိုင်း ချိုးကွေ့မောင်းနှင်လာစဉ် ရပ်ကွက်နေလူ ၃၀ ဦးခန့်မှ "လူလိုက်ချနေသည့်ကား၊ လူဆိုးတင်သည့် ကား"ဟု အော်ဟစ်ဆဲဆိုပြီး ကားသော့အားသိမ်းယူခြင်း၊ ယာဉ်မောင်းဖြစ်သူနှင့်အတူ ကားပေါ်ပါသူများအား ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ခဲ့ကြောင်း၊ အမှတ်(၇) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ လာရောက်ဖြေရှင်းပေးမှသာ ဖမ်းဆီးထားသည့် သူများအား နံနက် ၃ နာရီအချိန်တွင် ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။
    
အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူ ဦးရဲသွေးနီအား ပုသိမ်မြို့ရှိ တပ်မတော် ဆေးရုံ၌ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း နှင့် အကြမ်းဖက်မှုဖြစ်စဉ်တွင်ပါဝင်ခဲ့ကြသူများအား ဥပဒေအရဆောင်ရွက်နိုင်ရေး ပုသိမ်မြို့ နယ်မြေခံရဲစခန်း၌ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
    
 

Recent News