နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား Video Conferencing  ဖြင့် တွေ့ဆုံဆွေးန

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား Video Conferencing  ဖြင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၅
    
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့မွန်းလွဲ ပိုင်းတွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener  အား Video Conferencing  ဖြင့်တွေ့ဆုံ ဆွေးနွေးသည်။
    
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ယခုလ ၅ ရက်နေ့ တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံသူနိုင်ငံသားများ လုံခြုံအေးချမ်းစွာနေထိုင်နိုင်ရေးဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ နိုင်ငံတွင်ဖြစ် ပေါ်နေသော ဖြစ်စဉ်မှန်အခြေအနေမှန်များကို နိုင်ငံတကာမှ သိရှိနိုင်ရေး ဆောင်ရွက်ထားသည့် အခြေအနေများ၊  Covid-19  ကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေများနှင့် နိုင်ငံစီးပွားရေး တည်ငြိမ်စွာပုံမှန်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများအား ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

Recent News