တပ်မတော်၏ဥပဒေနှင့်အညီ ဆောင်ရွက်ချက်များအား ကြိုဆိုထောက်ခံပွဲပြုလုပ်လျက်ရှိသူ များအား တည်ငြိမ်အေးချမ်းမှုကိုမလိုလားသူအုပ်စုက သံပုံးတီးနှောင့်ယှက်ပြီး ခဲများဖြင့် ပစ်ခတ်တိုက်ခိုက်

 
တပ်မတော်၏ဥပဒေနှင့်အညီ ဆောင်ရွက်ချက်များအား ကြိုဆိုထောက်ခံပွဲပြုလုပ်လျက်ရှိသူ များအား တည်ငြိမ်အေးချမ်းမှုကိုမလိုလားသူအုပ်စုက သံပုံးတီးနှောင့်ယှက်ပြီး ခဲများဖြင့် ပစ်ခတ်တိုက်ခိုက်
နေပြည်တော် ဖေဖော်ဝါရီ  ၂၂
 
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၏ အနောက်ဘက် ()ဖာလုံခန့်အကွာ ရွှေကြာအင်း ()ရပ်ကွက် ရန်ပယ်အားကစားကွင်းအတွင်း၌ ယနေ့နေ့လယ် ()နာရီခန့်တွင် မြန်မာ့ တပ်မတော်အားထောက်ခံသော လူအင်အားစုသည် မြန်မာ့တပ်မတော်၏ဥပဒေနှင့်အညီ ဆောင်ရွက်ချက်များအား ကြိုဆိုထောက်ခံပွဲပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့်    ရန်ပယ်အားကစား ကွင်းမှ တောင်တွင်းကြီးမြို့အတွင်းသို့ စီတန်းလှည့်လည်ခဲ့ကြောင်း သိရှိရသည်။
 ထိုသို့လှည့်လည်လာစဉ်  ဦးဆောင်သူ(စိစစ်ဆဲ) လူအင်အား(၅၀)ဦးခန့်မှ လမ်းပိတ်ဆို့ကာ သံပုံးတီးခြင်းများဆောင်ရွက်ခဲ့ပြီး ခဲများဖြင့်စတင်ပစ်ပေါက်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်သော လူအင်အားစုများ ရုန်းရင်းဆန်ခက်ဖြစ်ကာ အုတ်ခဲကျိုးများဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြသဖြင့် စီတန်းလှည့်လည်သူအချို့ ထိခိုက်ပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခင်းဖြစ်ပွားသည့်နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့၀င်များ၊ နယ်မြေခံတပ်မတော်သားများက သွားရောက်ညှိနှိုင်းထိန်းသိမ်းခဲ့ရာ မွန်းလွဲ နာရီ ၄၅ မိနစ်ခန့်တွင် နှစ်ဖက်လူစုကွဲခဲ့ပြီး နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။

Recent News