COVID-19 ရောဂါကုသရေးအတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုး များလှူဒါန်း

COVID-19 ရောဂါကုသရေးအတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုး များလှူဒါန်း

နေပြည်တော်၊ ဇန်နဝါရီ - ၂၂

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများ၌အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများ နှင့် COVID-19 ရောဂါကုသရေးဌာနများအရောက် သွားရောက်လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အထွေထွေရောဂါ ကုပြည်သူ့ ဆေးရုံကြီး(ခုတင်-၅၀၀)သို့ အောက်ဆီဂျင်အိုး ၁၅ လုံးကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ တပ်မတော်သားများက တပ်မတော် Oxygen Plant များမှ အောက်ဆီဂျင်များ ဖြည့်သွင်းပြီး သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News