အရပ်သားဆရာဝန်များနှင့်သူနာပြုများ မရှိ၍ ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် သာစည်မြို့နယ် ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံနှင့် ယင်းမာပင်တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန် များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလ

အရပ်သားဆရာဝန်များနှင့်သူနာပြုများ မရှိ၍ ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် သာစည်မြို့နယ် ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံနှင့် ယင်းမာပင်တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန် များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော်၊  ဖေဖော်ဝါရီ - ၂၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံနှင့် ယင်းမာပင်တိုက်နယ်ဆေးရုံတို့တွင် ဆရာဝန်များနှင့် သူနာပြုများက ၎င်းတို့၏ လုပ်ငန်းများ ပျက်ကွက် လျက်ရှိပြီး ဒေသခံပြည်သူများအနေဖြင့် ဆေးကုသမှုခံယူရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိသဖြင့် ဆေးရုံ တွင် အလုပ်ဆင်းပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်လူနာရှင်များက နယ်မြေခံ တပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန်များ နှင့်သူနာပြုများ လာရောက်ကုသပေးနိုင်ပါရန် အကူအညီ တောင်းခံလာခဲ့သည်။

အဆိုပါအကူအညီတောင်းခံလာမှုကြောင့် သက်ဆိုင်ရာ တပ်နယ်များအလိုက် တပ်မတော်ဆေးရုံမှ၊ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့အား စေလွှတ်၍ ရောဂါဝေဒနာ ခံစားနေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံ ပြည်သူများက ထောက်ခံအားပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာ ယနေ့တွင် တပ်မတော်ဆေးကုသမရေးအဖွဲ့များက ဒေသခံပြည်သူ အမျိုးသား ၄၀ ဦးနှင့် အမျိုးသမီး ၇၉ ဦး စုစုပေါင်း ၁၁၉ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ အရိုးအကြောရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဒေသခံ ပြည်သူများအနေဖြင့်လည်း ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

Recent News