မြိတ်မြို့တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသူများအတွက် အာဟာရ ဖြည့်စားသောက် ဖွယ်ရာများနှင့် အလှူငွေများ လာရောက်လှူဒါန်း

မြိတ်မြို့တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသူများအတွက် အာဟာရ ဖြည့်စားသောက် ဖွယ်ရာများနှင့် အလှူငွေများ လာရောက်လှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှုခံယူ လျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအတွက် အလှူရှင်များက အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အဆိုပါဆေးရုံတွင် လိုအပ်သည်များ အသုံးပြုနိုင်ရန်အတွက် အလှူငွေ ၁၀ သိန်း ကျပ်ကို ယနေ့နံနက်ပိုင်းတွင် လာရောက်လှူဒါန်းရာ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး သစ်လွင်ထူးနှင့် တာဝန် ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။

ထို့ပြင် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုပြီး  ဆေးရုံတက် လူနာများအား ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News