ေနျပည္ေတာ္ ဇူလုိင္ ၁ဝ
ရန္ကုန္တုိင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္၊ မရမ္းေခ်ာင္းေက်းရြာ အေျခခံပညာအထက္တန္း ေက်ာင္းခြဲရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ဇူလုိင္ ၉ ရက္ နံနက္ပိုင္းတြင္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါေက်ာင္း၌ ေက်ာင္းက်န္းမာေရး စစ္ေဆးကုသျခင္းမ်ား ေဆာင္ရြက္ေပးသည္။
ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ဆရာ၊ ဆရာမေျခာက္ဦးႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၂၄၅ ဦးတို႔ကို အရပ္တုိင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊ သြားႏွင့္ ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္း ေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ ကေလးေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။
(Unicode Version)
လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကျောင်းကျန်းမာရေး စစ်ဆေးကုသ
နေပြည်တော် ဇူလိုင် ၁ဝ
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျောင်းကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမခြောက်ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၂၄၅ ဦးတို့ကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ သွားနှင့် ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ အရိုး/အကြောရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။