ေနျပည္ေတာ္ ဇူလုိင္ ၁ဝ
မႏၲေလးတုိင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္၊ မဟာဂႏၶာ႐ံုပရိယတၱိစာသင္တိုက္ရွိ စာခ်/စာသင္သံဃာေတာ္မ်ားအား ယေန႔နံနက္ပုိင္းတြင္ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆုိပါ စာသင္တုိက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။
ထုိသုိ႔ ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ ၂ဝ၂ ပါးတုိ႔ကို ခြဲစိတ္ကုသမႈဆုိင္ရာေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရးစစ္ေဆးကုသမႈမ်ား ေဆာင္ရြက္ေပးျခင္း၊ တီဗီြဓာတ္မွန္႐ိုက္ကူးေပးျခင္းႏွင့္ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္ စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။
(Unicode Version)
အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံပရိယတ္တိစာသင်တိုက်ရှိ စာချ/စာသင်သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
နေပြည်တော် ဇူလိုင် ၁ဝ
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံပရိယတ္တိစာသင်တိုက်ရှိ စာချ/စာသင်သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ စာသင်တိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၂ဝ၂ ပါးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ တီဗွီဓာတ်မှန်ရိုက်ကူးပေးခြင်းနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။