AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕က ျပန္ေပးဆြဲဖမ္းဆီးေခၚေဆာင္သြားသူမ်ား အနက္မွ ၁၄ ဦး အား တပ္မေတာ္မွ ျပန္လည္ကယ္တင္

AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕က ျပန္ေပးဆြဲဖမ္းဆီးေခၚေဆာင္သြားသူမ်ား အနက္မွ ၁၄ ဦး အား တပ္မေတာ္မွ  ျပန္လည္ကယ္တင္

ေနျပည္ေတာ္၊ ေအာက္တိုဘာ - ၂၇

၂၀၁၉ခုႏွစ္၊ ေအာက္တိုဘာလ ၂၆ ရက္ ၁၀ နာရီ ၂၀ မိနစ္ခန္႔တြင္ စစ္ေတြမွ ဘူးသီးေတာင္သို႔ ထြက္ခြာလာေသာ ေရႊနဒီအျမန္ေရယာဥ္အား ေရမ်က္ေက်းရြာ အနီးတြင္ AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕က လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္၍ ေရယာဥ္အား ကမ္းသို႔ကပ္ခိုင္းခဲ့ၿပီး ေရယာဥ္ေပၚတြင္ လိုက္ပါလာသည့္ တပ္မေတာ္သားမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ ခရီးသြားျပည္သူ အခ်ိဳ႕အား ျပန္ေပးဆြဲဖမ္းဆီးေခၚေဆာင္သြားခဲ့သည့္ အၾကမ္းဖက္ျဖစ္စဥ္ ျဖစ္ပြား ခဲ့သည္။

အဆိုပါသတင္း ၾကားသိလ်င္ၾကားသိျခင္း AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ ျပန္ေပးဆြဲ ဖမ္းဆီးေခၚေဆာင္ျခင္း ခံရသူမ်ားအား အျမန္ဆံုး ကယ္တင္ႏိုင္ေရးအတြက္ လိုအပ္သည့္ လံုၿခံဳေရး တပ္ဖြဲ႕ဝင္မ်ားအား တပ္မေတာ္ ပို႔ေဆာင္ေရးရဟတ္ယာဥ္မ်ားျဖင့္ ျဖစ္စဥ္ႏွင့္ အနီးဆံုးေနရာသို႔ ပို႔ေဆာင္ေပးမႈမ်ား အျမန္ဆံုးေဆာင္ရြက္ေပးခဲ့သည္။

ထိုသို႔ပို႔ေဆာင္ေရးေဆာင္ရြက္စဥ္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ပို႔ေဆာင္ေရး ရဟတ္ယာဥ္အား စိစစ္ဆဲ လက္နက္မ်ားျဖင့္ ပစ္ခတ္ခဲ့သျဖင့္ ရဟတ္ယာဥ္အား က်ည္အခ်ိဳ႕ထိမွန္ခဲ့ၿပီး ရဟတ္ယာဥ္မွဴး  ၁ ဦးမွာ မစိုးရိမ္ရဒဏ္ရာ အနည္းငယ္ရရွိခဲ့ပါသည္။ ၎ေနာက္ပိုင္း လံုၿခံဳေရး တပ္ဖြဲ႕ဝင္မ်ား ပို႔ေဆာင္ႏိုင္ေရး တိုက္ခိုက္ေရးရဟတ္ယာဥ္ အေထာက္အကူအျဖစ္ လိုက္ပါေစသည့္ အျပင္ ဖမ္းဆီးခံရသူမ်ားအား ျဖစ္စဥ္ေနရာတစ္ဝိုက္ ရွာေဖြကယ္တင္ရန္ကိုလည္း ပူးတြဲတာဝန္ ေပးအပ္ခဲ့သည္။

အဆိုပါ ပို႔ေဆာင္ေရးရဟတ္ယာဥ္မ်ား၏ လံုၿခံဳေရးအေထာက္အကူျပဳသည့္ တိုက္ခိုက္ေရး ရဟတ္ယာဥ္ကိုလည္း  AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက အမ်ိဳးအစား စိစစ္ဆဲ လက္နက္မ်ား ျဖင့္ ေႏွာင့္ယွက္ပစ္ခတ္ခဲ့ေသာေၾကာင့္  တိုက္ခိုက္ေရးရဟတ္ယာဥ္၏ အခ်ိဳ႕ေနရာ၌ က်ည္ဆန္ ထိမွန္ခဲ့ရသည့္အတြက္ ပစ္ခတ္ေႏွာင့္ယွက္သည့္ ေနရာတစ္ဝိုက္အား သတိေပးပစ္ခတ္မႈမ်ား ျပန္လည္ျပဳလုပ္ခဲ့ေၾကာင္း သိရွိရသည္။

တပ္မေတာ္အေနျဖင့္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ျပန္ေပးဆြဲ ဖမ္းဆီးေခၚေဆာင္သြားသည့္ တပ္မေတာ္သားမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ ခရီးသြားျပည္သူအခ်ိဳ႕အား အျမန္ဆံုးျပန္လည္ရွာေဖြ ကယ္တင္ႏိုင္ေရးအတြက္ ပို႔ေဆာင္ေရးရဟတ္ယာဥ္မ်ားအသံုးျပဳ၍ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားလက္မွ အျမန္ဆံုးကယ္တင္ႏိုင္ေရး ေဆာင္ရြက္ႏိုင္ခဲ့မႈေၾကာင့္ လည္းေကာင္း၊ ေျမျပင္မွ ေႏွာင့္ယွက္ပစ္ခတ္သည့္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားကို သတိေပး ပစ္ခတ္မႈေၾကာင့္ လည္းေကာင္း ယခုသတင္းေရးသားခ်ိန္အထိ ျပန္ေပးဆြဲဖမ္းဆီးေခၚေဆာင္သြားျခင္း ခံရသူမ်ားအနက္ ၁၄ ဦးအား ေနရာအသီးသီးမွ ရွာေဖြေတြ႕ရွိ ကယ္တင္ႏိုင္ခဲ့သည္။

တပ္မေတာ္လႈပ္ရွားစစ္ေၾကာင္းမ်ား၏ ကယ္တင္ေပးမႈေၾကာင့္ လြတ္ေျမာက္လာသူမ်ား၏ ေျပာၾကားခ်က္အရ တပ္မေတာ္(ေလ)၏ သတိေပးပစ္ခတ္မႈမ်ား၊ ေဝဟင္/ေျမျပင္ ပူးတြဲ၍ ပိတ္ဆို႔ရွာေဖြျခင္းမ်ား လ်င္ျမန္စြာ ျပဳလုပ္ျခင္းေၾကာင့္လည္း AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ ျပန္ေပးဆြဲအၾကမ္းဖက္လုပ္ရပ္မွ ယခုကဲ့သို႔ ထြက္ေျပးလြတ္ေျမာက္ရန္ အခြင့္အေရး ရရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

တပ္မေတာ္အေနျဖင့္ က်န္ရွိေနသည့္ ဖမ္းဆီးေခၚေဆာင္ျခင္းခံရသူမ်ားအား  ေဝဟင္မွ ရဟတ္ယာဥ္ မ်ားက လည္းေကာင္း၊ ေျမျပင္ရွိ တပ္မေတာ္စစ္ေၾကာင္းမ်ားက လည္းေကာင္း ေပါင္းစပ္ၫႇိႏိႈင္း၍ အၾကမ္းဖက္ျပန္ေပးဆြဲသူမ်ားထံမွ အျမန္ဆံုး ကယ္တင္လြတ္ေျမာက္ႏိုင္ေရး ဆက္လက္ေဆာင္ရြက္ လ်က္ရွိေၾကာင္း သတင္းရရွိသည္။

(Unicode Version)

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားသူများ အနက်မှ ၁၄ ဦး အား တပ်မတော်မှ  ပြန်လည်ကယ်တင်

နေပြည်တော်၊ အောက်တိုဘာ - ၂၇

၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် စစ်တွေမှ ဘူးသီးတောင်သို့ ထွက်ခွာလာသော ရွှေနဒီအမြန်ရေယာဉ်အား ရေမျက်ကျေးရွာ အနီးတွင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ရေယာဉ်အား ကမ်းသို့ကပ်ခိုင်းခဲ့ပြီး ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ခရီးသွားပြည်သူ အချို့အား ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ် ဖြစ်ပွား ခဲ့သည်။

အဆိုပါသတင်း ကြားသိလျင်ကြားသိခြင်း AA အကြမ်းဖက်သောင်းကျန်းသူများ၏ ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူများအား အမြန်ဆုံး ကယ်တင်နိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား တပ်မတော် ပို့ဆောင်ရေးရဟတ်ယာဉ်များဖြင့် ဖြစ်စဉ်နှင့် အနီးဆုံးနေရာသို့ ပို့ဆောင်ပေးမှုများ အမြန်ဆုံးဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ပို့ဆောင်ရေးဆောင်ရွက်စဉ် AA အကြမ်းဖက်သောင်းကျန်းသူများက ပို့ဆောင်ရေး ရဟတ်ယာဉ်အား စိစစ်ဆဲ လက်နက်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ရဟတ်ယာဉ်အား ကျည်အချို့ထိမှန်ခဲ့ပြီး ရဟတ်ယာဉ်မှူး  ၁ ဦးမှာ မစိုးရိမ်ရဒဏ်ရာ အနည်းငယ်ရရှိခဲ့ပါသည်။ ၎င်းနောက်ပိုင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ ပို့ဆောင်နိုင်ရေး တိုက်ခိုက်ရေးရဟတ်ယာဉ် အထောက်အကူအဖြစ် လိုက်ပါစေသည့် အပြင် ဖမ်းဆီးခံရသူများအား ဖြစ်စဉ်နေရာတစ်ဝိုက် ရှာဖွေကယ်တင်ရန်ကိုလည်း ပူးတွဲတာဝန် ပေးအပ်ခဲ့သည်။

အဆိုပါ ပို့ဆောင်ရေးရဟတ်ယာဉ်များ၏ လုံခြုံရေးအထောက်အကူပြုသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်ကိုလည်း  AA အကြမ်းဖက်သောင်းကျန်းသူများက အမျိုးအစား စိစစ်ဆဲ လက်နက်များ ဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့သောကြောင့်  တိုက်ခိုက်ရေးရဟတ်ယာဉ်၏ အချို့နေရာ၌ ကျည်ဆန် ထိမှန်ခဲ့ရသည့်အတွက် ပစ်ခတ်နှောင့်ယှက်သည့် နေရာတစ်ဝိုက်အား သတိပေးပစ်ခတ်မှုများ ပြန်လည်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တပ်မတော်အနေဖြင့် AA အကြမ်းဖက်သောင်းကျန်းသူများ ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ခရီးသွားပြည်သူအချို့အား အမြန်ဆုံးပြန်လည်ရှာဖွေ ကယ်တင်နိုင်ရေးအတွက် ပို့ဆောင်ရေးရဟတ်ယာဉ်များအသုံးပြု၍ အကြမ်းဖက်သောင်းကျန်းသူများလက်မှ အမြန်ဆုံးကယ်တင်နိုင်ရေး ဆောင်ရွက်နိုင်ခဲ့မှုကြောင့် လည်းကောင်း၊ မြေပြင်မှ နှောင့်ယှက်ပစ်ခတ်သည့် AA အကြမ်းဖက်သောင်းကျန်းသူများကို သတိပေး ပစ်ခတ်မှုကြောင့် လည်းကောင်း ယခုသတင်းရေးသားချိန်အထိ ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသူများအနက် ၁၄ ဦးအား နေရာအသီးသီးမှ ရှာဖွေတွေ့ရှိ ကယ်တင်နိုင်ခဲ့သည်။

တပ်မတော်လှုပ်ရှားစစ်ကြောင်းများ၏ ကယ်တင်ပေးမှုကြောင့် လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ တပ်မတော်(လေ)၏ သတိပေးပစ်ခတ်မှုများ၊ ဝေဟင်/မြေပြင် ပူးတွဲ၍ ပိတ်ဆို့ရှာဖွေခြင်းများ လျင်မြန်စွာ ပြုလုပ်ခြင်းကြောင့်လည်း AA အကြမ်းဖက်သောင်းကျန်းသူများ၏ ပြန်ပေးဆွဲအကြမ်းဖက်လုပ်ရပ်မှ ယခုကဲ့သို့ ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေး ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

တပ်မတော်အနေဖြင့် ကျန်ရှိနေသည့် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများအား  ဝေဟင်မှ ရဟတ်ယာဉ် များက လည်းကောင်း၊ မြေပြင်ရှိ တပ်မတော်စစ်ကြောင်းများက လည်းကောင်း ပေါင်းစပ်ညှိနှိုင်း၍ အကြမ်းဖက်ပြန်ပေးဆွဲသူများထံမှ အမြန်ဆုံး ကယ်တင်လွတ်မြောက်နိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

 

Recent News