ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ားအား လက္နက္/ခဲယမ္း၊ လက္လုပ္မိုင္းမ်ားႏွင့္အတူ ဖမ္းဆီး ရမိ 

ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ားအား လက္နက္/ခဲယမ္း၊ လက္လုပ္မိုင္းမ်ားႏွင့္အတူ ဖမ္းဆီး ရမိ 

ေနျပည္ေတာ္၊ ႏုိ၀င္ဘာလ - ၂၂ 

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္အတြင္း လံုၿခံဳေရးေဆာင္ရြက္လ်က္ရွိေသာ တပ္မေတာ္စစ္ေၾကာင္းက ႏို၀င္ဘာလ ၂၁ ရက္ နံနက္ပိုင္းတြင္ ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားအေသ ၂ ဦး ၊အရွင္ ၃ ဦး ကို လက္နက္/ခဲယမ္း၊ မုိင္းမ်ား၊ဆက္စပ္ပစၥည္းမ်ားနွင့္အတူဖမ္းဆည္းရမိခဲ့သည္။ 
ျဖစ္စဥ္မွာ ေမာင္ေတာၿမိဳ႕နယ္အတြင္းရွိ ေက်းရြာမ်ား၌ ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမား မ်ား၀င္ေရာက္ လႈပ္ရွားလ်က္ရွိေၾကာင္း သတင္းရရွိသျဖင့္ တပ္မေတာ္စစ္ေၾကာင္းက လိုအပ္သည့္လံုၿခဳံေရး လုပ္ငန္းမ်ားေဆာင္ရြက္စဥ္ ႏို၀င္ဘာလ ၂၁ ရက္ ၀၉၁၀ နာရီခန္႔တြင္ ခေမာင္းဆိပ္ေက်းရြာ၏အေနာက္ဘက္ မီတာ ၄၀၀၀ ခန္႔အကြာ၌ ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ားဟုယူဆရေသာ မသကၤာဖြယ္ရာ ဘဂၤါလီ ၈ ဦးခန္႔မွ ေသနတ္ျဖင့္စတင္ပစ္ခတ္ခဲ့သျဖင့္ မိမိဘက္မွ ျပန္လည္ပစ္ခတ္ဖမ္းဆီးခဲ့ရာ ARSA အစြန္း ေရာက္ဘဂၤါလီအၾကမ္းဖက္သမားအေလာင္း ၂ ေလာင္း၊ အရွင္ ၃ ဦးတို႔အား လက္နက္/ခဲယမ္း၊ လက္ လုပ္မိုင္း မ်ား၊ စားေသာက္ကုန္ပစၥည္းမ်ား ႏွင့္အတူ ဖမ္းဆည္းရရွိခဲ့ေၾကာင္း သိရွိရသည္။ 
ေက်းရြာမ်ားအတြင္း ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ား စိမ့္၀င္လႈပ္ရွားမႈမ်ားမရွိေစေရး အတြက္ တပ္မေတာ္စစ္ေၾကာင္းမ်ားအေနျဖင့္ လိုအပ္သည့္လံုၿခံဳေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္ လ်က္ရွိေၾကာင္းႏွင့္ ဖမ္းဆီးရမိ တရားခံမ်ားႏွင့္ လက္နက္/ခဲယမ္းမ်ား၊ ဆက္စပ္ပစၥည္းမ်ားအား ေအာင္ဇူ နယ္ေျမ ရဲစခန္းသို႔အပ္ႏွံ၍ လုပ္ထံုးလုပ္နည္းမ်ားႏွင့္အညီ ဆက္လက္ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္း ရရွိသည္။ 

(Unicode Version) 

ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများအား လက်နက်/ခဲယမ်း၊ လက်လုပ်မိုင်းများနှင့်အတူ ဖမ်းဆီး ရမိ 

နေပြည်တော်၊ နိုဝင်ဘာလ - ၂၂ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းက နိုဝင်ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားအသေ ၂ ဦး ၊အရှင် ၃ ဦး ကို လက်နက်/ခဲယမ်း၊ မိုင်းများ၊ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆည်းရမိခဲ့သည်။ 
ဖြစ်စဉ်မှာ မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား များဝင်ရောက် လှုပ်ရှားလျက်ရှိကြောင်း သတင်းရရှိသဖြင့် တပ်မတော်စစ်ကြောင်းက လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများဆောင်ရွက်စဉ် နိုဝင်ဘာလ ၂၁ ရက် ၀၉၁၀ နာရီခန့်တွင် ခမောင်းဆိပ်ကျေးရွာ၏အနောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာ၌ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများဟုယူဆရသော မသင်္ကာဖွယ်ရာ ဘင်္ဂါလီ ၈ ဦးခန့်မှ သေနတ်ဖြင့်စတင်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ARSA အစွန်း ရောက်ဘင်္ဂါလီအကြမ်းဖက်သမားအလောင်း ၂ လောင်း၊ အရှင် ၃ ဦးတို့အား လက်နက်/ခဲယမ်း၊ လက် လုပ်မိုင်း များ၊ စားသောက်ကုန်ပစ္စည်းများ နှင့်အတူ ဖမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ 
ကျေးရွာများအတွင်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ စိမ့်ဝင်လှုပ်ရှားမှုများမရှိစေရေး အတွက် တပ်မတော်စစ်ကြောင်းများအနေဖြင့် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိ တရားခံများနှင့် လက်နက်/ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများအား အောင်ဇူ နယ်မြေ ရဲစခန်းသို့အပ်နှံ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။ 

Recent News