အမ္း-မအီကားလမ္း၌ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ေထာင္ထားေသာ ေဒသႏၱရရီမု ကားမိုင္းတစ္လုံး ေတြ႔ရွိ 

အမ္း-မအီကားလမ္း၌ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ေထာင္ထားေသာ ေဒသႏၱရရီမု ကားမိုင္းတစ္လုံး ေတြ႔ရွိ 

ေနျပည္ေတာ္ ဒီဇင္ဘာ ၁ 

 

ရခုိင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္ရွိ လမ္းျပဳျပင္ေရး အဖဲြ႕မ်ားသည္ အမ္း-မအီကားလမ္းပိုင္းအား လမ္းတိုးခ်ဲ႕ေရး လုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိစဥ္ ႏို၀င္ဘာ ၃၀ ရက္ နံနက္ပိုင္းတြင္ အမ္းၿမိဳ႕၏ ေတာင္ဘက္ ၁ မိုင္ခန္႔အကြာ ကားလမ္းအနီး၌ မသကၤာဖြယ္ရာ ပစၥည္းေတြ႕ရွိေၾကာင္း အေၾကာင္းၾကားလာသျဖင့္ လုံၿခံဳေရး တပ္ဖြဲ႕၀င္မ်ားက သြားေရာက္စစ္ေဆးခဲ့ရာ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ား ေထာင္ထားသည့္ အလ်ား ၁၅ လက္မ၊ အနံ ၈ လက္မ၊ အက်ယ္ ၄ ဒသမ ၅ လက္မ၊ အျမင့္ ၁၀လက္မခန္႔ရွိ ဇလားပုံသဏၭာန္ ေဒသႏၱရ ရီမုကားမိုင္း တစ္လုံးအား စစ္ေဆး ေတြ႕ရွိခဲ့ရသည္။ 

 

ခရီးသြား ျပည္သူမ်ားႏွင့္ ေဒသခံျပည္သူမ်ား အႏၱရာယ္ မျဖစ္ေစေရးအတြက္ အဆိုပါေဒသႏၱရ ရီမုကားမိုင္းကို မိုင္းရွင္းလင္းေရးအဖြဲ႕ျဖင့္ သက္မဲ့ျပဳလုပ္ သိမ္းဆည္းခဲ့သည္။ အဆိုပါနယ္ေျမတစ္၀ိုက္အား လုံၿခံဳေရး တပ္ဖြဲ႕၀င္မ်ားက နယ္ေျမလုံၿခံဳေရး လုပ္ငန္းမ်ား စစ္ေဆး ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။ 

(Unicode Version)

 

အမ်း-မအီကားလမ်း၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသော ဒေသန္တရရီမု ကားမိုင်းတစ်လုံး တွေ့ရှိ 

နေပြည်တော် ဒီဇင်ဘာ ၁ 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ လမ်းပြုပြင်ရေး အဖွဲ့များသည် အမ်း-မအီကားလမ်းပိုင်းအား လမ်းတိုးချဲ့ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် အမ်းမြို့၏ တောင်ဘက် ၁ မိုင်ခန့်အကွာ ကားလမ်းအနီး၌ မသင်္ကာဖွယ်ရာ ပစ္စည်းတွေ့ရှိကြောင်း အကြောင်းကြားလာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် အလျား ၁၅ လက်မ၊ အနံ ၈ လက်မ၊ အကျယ် ၄ ဒသမ ၅ လက်မ၊ အမြင့် ၁၀လက်မခန့်ရှိ ဇလားပုံသဏ္ဌာန် ဒေသန္တရ ရီမုကားမိုင်း တစ်လုံးအား စစ်ဆေး တွေ့ရှိခဲ့ရသည်။ 

ခရီးသွား ပြည်သူများနှင့် ဒေသခံပြည်သူများ အန္တရာယ် မဖြစ်စေရေးအတွက် အဆိုပါဒေသန္တရ ရီမုကားမိုင်းကို မိုင်းရှင်းလင်းရေးအဖွဲ့ဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။ အဆိုပါနယ်မြေတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

Recent News