
 


နေပြည်တော် ဒီဇင်ဘာ ၁၂



(Unocde Version)

TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ ထောင်ထားသည့် ဒေသန္တရ တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူတစ်ဦး သေဆုံး၊ တစ်ဦးမိုင်းစထိမှန် ဒဏ်ရာများရရှိ

နေပြည်တော် ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံသို့ ဒီဇင်ဘာ ၁၁ ရက်ည ၇ နာရီခွဲခန့်တွင် မိုင်းစထိမှန်ဒဏ်ရာများဖြင့်  အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သိရှိရသည်။

အဆိုပါဆေးရုံသို့ နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက် စိစစ်မေးမြန်းရာ မိုင်းငေါ့မြို့နယ်၊ ပန်နင်းကျေးရွာအုပ်စု၊ ခေးကွယ်ကျေးရွာနေ ဦးမြဇော်(ဘ) ဦးပခူးကုန်းနှင့် နန္ဒ(ဘ) ဦးအိုက်ကော်တို့နှစ်ဦးသည် ကျေးရွာ၌ ရေမလာသဖြင့် ကျေးရွာအထွက်ရှိ ရေထွက်ရှိရာနေရာသို့ သွားရောက် ပြင်ဆင်ရန် ထွက်ခွာခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ကျေးရွာ၏မြောက်ဘက် မီတာ၂၀၀ ခန့်အကွာသို့ အရောက်၌ TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ထောင်ထားသော ဒေသန္တရတိုက်မိုင်း တစ်လုံးအား နန္ဒမှ တိုက်မိပေါက်ကွဲခဲ့သဖြင့် ၎င်းသည် နေရာ၌ပင် သေဆုံးခဲ့ပြီး    ဦးမြဇော်တွင် မိုင်းစထိမှန် ဒဏ်ရာများ    ရရှိခဲ့ကြောင်း သတင်းရရှိသည်။

Recent News