ခႏၱီးၿမိဳ႕နယ္၊ လာဝယ္ေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

 

ခႏၱီးၿမိဳ႕နယ္၊ လာဝယ္ေက်းရြာ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ဇန္နဝါရီ  ၂

စစ္ကုိင္းတုိင္းေဒသႀကီး၊ ခႏၲီးၿမိဳ႕နယ္၊ လာဝယ္ေက်းရြာရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔ နံနက္ပုိင္းတြင္  အေနာက္ေျမာက္တုိင္းစစ္ ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရး အဖြဲ႕က အဆုိပါ ေက်းရြာခန္းမ ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသုိ႔ ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူ ၃၆ဦးႏွင့္ ေဒသခံျပည္သူ ၂၅ဝ ဦး တုိ႔အား ဆီးခ်ဳိေရာဂါ၊ မ်က္စိေရာဂါ၊ ဆီးလမ္းေၾကာင္း ဆုိင္ရာေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊  အစာအိမ္ႏွင့္ အူလမ္း ေၾကာင္း ဆုိင္ရာ ေရာဂါ၊ အေရျပားေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အသက္႐ွဴလမ္းေၾကာင္းဆုိင္ရာေရာဂါ၊ အေထြေထြ ေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္ ေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံု တက္ေရာက္ ကုသရန္ လုိအပ္သူ သံုးဦးကို ခႏၲီးၿမိဳ႕ရွိ တပ္မေတာ္ ေဆး႐ံုသို႔   တက္ေရာက္ ကုသႏုိင္ေရး စီစဥ္ ေဆာင္ရြက္ေပးသည္။

ယင္းသုိ႔ေဆာင္ရြက္ေပးမႈမ်ားကို ခႏၲီးတပ္နယ္မွ တာဝန္ရွိသူမ်ားက သြားေရာက္ ၾကည့္႐ႈအားေပးၿပီး စားေသာက္ဖြယ္ ရာမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။ 

(Unicode Version)

ခန္တီးမြို့နယ်၊ လာဝယ်ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဇန်နဝါရီ  ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ လာဝယ်ကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းတွင်  အနောက်မြောက်တိုင်းစစ် ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာခန်းမ ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၃၆ဦးနှင့် ဒေသခံပြည်သူ ၂၅ဝ ဦး တို့အား ဆီးချိုရောဂါ၊ မျက်စိရောဂါ၊ ဆီးလမ်းကြောင်း ဆိုင်ရာရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊  အစာအိမ်နှင့် အူလမ်း ကြောင်း ဆိုင်ရာ ရောဂါ၊ အရေပြားရောဂါ၊ အရိုး/အကြောရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သူ သုံးဦးကို ခန္တီးမြို့ရှိ တပ်မတော် ဆေးရုံသို့   တက်ရောက် ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးမှုများကို ခန္တီးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး စားသောက်ဖွယ် ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

 

Recent News