AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ဘူးသီးေတာင္ၿမိဳ႕နယ္၊ သိန္းတန္ေက်းရြာေန ဘဂၤါလီအမ်ိဳးသမီးမ်ားအား မဖြယ္မရာ မုဒိန္းက်င့္မႈျဖစ္ပြား

AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ဘူးသီးေတာင္ၿမိဳ႕နယ္၊ သိန္းတန္ေက်းရြာေန ဘဂၤါလီအမ်ိဳးသမီးမ်ားအား မဖြယ္မရာ မုဒိန္းက်င့္မႈျဖစ္ပြား

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ - ၂

       ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ဘုရားျပင္သိန္းတန္အုပ္စု၊  သိန္းတန္ေက်းရြာ  သို႕ဇန္န၀ါရီ ၃၁ ရက္ညေနပိုင္းတြင္ AA အၾကမ္းဖက္ ေသာင္းက်န္းသူ ၄ ဦး ေရာက္ရွိလာၿပီး ေက်းရြာတြင္ေနထိုင္ေသာ ဘဂၤါလီ အမ်ိဳးသမီးမ်ားအား မဖြယ္မရာ မုဒိန္းက်င့္ၿပီး ရိုက္ႏွက္ သျဖင့္ ေက်းရြာအတြင္းရွိ ရြာသူရြာသား မ်ားက ၀ိုင္း၀န္းတားဆီးရာမွ   ရုန္းရင္းဆန္ခတ္မႈ ျဖစ္ပြားခဲ့သည္။ ၎ AA အၾကမ္းဖက္ ေသာင္းက်န္းသူ ၄ ဦး ျပန္လည္ ထြက္ခြာ သြားၿပီးေနာက္ ေက်းရြာအနီးသို႕ AA အၾကမ္းဖက္ေသာင္းက်န္းသူ အဖြဲ႕ ၃၀ ဦးခန္႔ ထပ္မံေရာက္ရွိလာၿပီး ရြာကိုမီးရႈိ႕ဖ်က္စီးမည္ဟု ၿခိမ္းေျခာက္ၿပီး ေက်းရြာအား ၀န္းရံ ပိတ္ဆို႕ထားသျဖင့္ စိုးရိမ္ရသည့္အေျခအေနျဖစ္ ေနေၾကာင္း ၄င္းေက်းရြာရွိ ရပ္မိရပ္ဖမ်ား က လံုၿခံဳေရးေဆာင္ရြက္လ်က္ရွိသည့္ ေက်းရြာႏွင့္ အနီးစပ္ဆံုးရွိေသာ တပ္မေတာ္စစ္ေၾကာင္း ထံသို႕ စာေရးသား ေပးပို႔ အကူအညီ ေတာင္းခံခဲ့ရာ တပ္မေတာ္ စစ္ေၾကာင္းက ေဖေဖာ္၀ါရီ ၁ ရက္ ညပိုင္းတြင္ အဆိုပါ အကူအညီေတာင္းခံစာကို လက္ခံ ရရွိခဲ့သည္။

       တပ္မေတာ္စစ္ေၾကာင္းမ်ားအေနျဖင့္ အကူအညီေတာင္းခံစာ ရလ်င္ရခ်င္း ၎ေန႔ ညပိုင္းတြင္ စနစ္တက်စုဖြဲ႕ၿပီး လံုၿခံဳေရး အထူးဂ႐ုစိုက္ကာ လံုၿခံဳေရးတပ္ဖြဲ႕၀င္မ်ားႏွင့္အတူ ျဖစ္စဥ္ျဖစ္ပြားရာ ေက်းရြာသို႔ ခ်က္ခ်င္းသြားေရာက္ခဲ့ရာ ေဖေဖာ္၀ါရီ ၂ ရက္ နံနက္ေစာပိုင္းတြင္ ေရာက္ရွိခဲ့ၿပီး ဦးစြာ အၾကမ္းဖက္ျခင္း ခံရေသာ သူမ်ားကုိလိုအပ္သည့္ က်န္းမာေရး ေစာင့္ေရွာက္မႈမ်ား ေဆာင္ရြက္ ေပးသည္။ ထို႔ေနာက္ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေက်းရြာ ေနထိုင္သူ မ်ားအား ေမးျမန္းခဲ့ရာ ဇန္န၀ါရီ ၃၁ ရက္ နံနက္ ၉ နာရီခန္႔တြင္ AA အၾကမ္းဖက္ ေသာင္းက်န္းသူ ၄ ဦးခန္႔ ေရာက္ရွိလာၿပီး ေက်းရြာ ဆယ္အိမ္မွဴး ၄ ဦးအား ေခၚယူေတြ႕ဆံု၍ ေက်းရြာအနီး ၎တို႔ေထာင္ထားေသာ ရီမုမိုင္း ၄ လံုးအား ေနရာေရႊ႕ထားသျဖင့္ ၁ လံုးလွ်င္ ၁၀ သိန္းက်ပ္ ေပးေလ်ာ္ရန္ေျပာဆုိခဲ့ေၾကာင္း၊ ဆယ္အိမ္မွဴး မ်ားက မိမိတုိ႔ရြာသားမ်ား ျပဳလုပ္ျခင္းမဟုတ္၍ မေပးေလ်ာ္ႏိုင္ေၾကာင္း ျပန္လည္ေျပာဆိုခဲ့သျဖင့္ အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက ထိုးႀကိတ္႐ိုက္ႏွက္ခဲ့မႈေၾကာင့္ ဆယ္အိမ္မွဴး မ်ားမွ ဖူးေရာင္ဒဏ္ရာ မ်ားရရွိခဲ့ေၾကာင္း၊ ၎ေနာက္ ေသာင္းက်န္းသူ မ်ားက ျပန္လည္ထြက္ခြာသြားခဲ့ၿပီး ညေန ၄ နာရီခန္႔တြင္ အဆုိပါ AA အၾကမ္းဖက္ေသာင္းက်န္းသူ ၄ ဦး ထပ္မံေရာက္ရွိလာကာ ဆယ္အိမ္မွဴးတစ္ဦး၏ေနအိမ္သို႔ ၀င္ေရာက္ခဲ့ၿပီး ေနအိမ္အတြင္းရွိ ဘဂၤါလီအမ်ိဳးသမီးမ်ား အား အဓမၼဆြဲေခၚ၍ မဖြယ္မရာမုဒိန္းက်င့္ခဲ့ေၾကာင္း၊ ထိုသို႕ ေဆာင္ရြက္ခဲ့မႈမ်ားကို ေဘးပတ္၀န္းက်င္ မွ ရြာသူရြာသားမ်ားက ၀င္ေရာက္တားဆီးစဥ္ ရုန္းရင္းဆန္ခတ္မႈမ်ား ျဖစ္ပြားခဲ့သည္။ ၎ေန႔ညေန ၆ နာရီခန္႔ တြင္လည္း AA အၾကမ္းဖက္ေသာင္းက်န္းသူ အင္အား ၃၀ ဦးခန္႔ ထပ္မံေရာက္ရွိလာၿပီး ရြာကို ၀ိုင္း၀န္းပိတ္ဆို႔ထားေၾကာင္းႏွင့္ ၿခိမ္းေျခာက္မႈ မ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရွိရသည္။

       ထို႕ျပင္ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ားသည္ ယခင္ကလည္း ေက်းရြာ အတြင္း ေနထိုင္သူမ်ားထံမွ ႏြားမ်ားကို အတင္းအဓမၶယူေဆာင္ျခင္း၊ရိကၡာမ်ားအတင္းအၾကပ္စုေဆာင္းျခင္း မ်ားကိုလည္း ေဆာင္ရြက္ခဲ့ေၾကာင္းသိရွိရသည္။

(Unicode Version)

AA အကြမ်းဖက်သောင်းကျန်းသူများက ဘူးသီးတောင်မြို့နယ်၊ သိန်းတန် ကျေးရွာနေ ဘင်္ဂါလီအမျိုးသမီးများအား မဖွယ်မရာ မုဒိန်းကျင့်မှုဖြစ်ပွား

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂

        ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ဘုရားပြင်သိန်းတန်အုပ်စု၊  သိန်းတန်ကျေးရွာ  သို့ဇန်နဝါရီ ၃၁ ရက်ညနေပိုင်းတွင် AA အကြမ်းဖက် သောင်းကျန်းသူ ၄ ဦး ရောက်ရှိလာပြီး ကျေးရွာတွင်နေထိုင်သော ဘင်္ဂါလီ အမျိုးသမီးများအား မဖွယ်မရာ မုဒိန်းကျင့်ပြီး ရိုက်နှက် သဖြင့် ကျေးရွာ အတွင်းရှိ ရွာသူရွာသား များက ဝိုင်းဝန်းတားဆီးရာမှ   ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။ ၎င်း AA အကြမ်းဖက် သောင်းကျန်းသူ ၄ ဦး ပြန်လည် ထွက်ခွာ သွားပြီးနောက် ကျေးရွာအနီးသို့ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ ၃၀ ဦးခန့် ထပ်မံရောက်ရှိလာပြီး ရွာကိုမီးရှို့ဖျက်စီးမည်ဟု ခြိမ်းခြောက်ပြီး ကျေးရွာအား ဝန်းရံ ပိတ်ဆို့ထားသဖြင့် စိုးရိမ်ရသည့်အခြေအနေဖြစ် နေကြောင်း ၎င်းကျေးရွာရှိ ရပ်မိရပ်ဖများ က လုံခြုံရေးဆောင်ရွက် လျက်ရှိသည့် ကျေးရွာနှင့် အနီးစပ်ဆုံးရှိသော တပ်မတော်စစ်ကြောင်း ထံသို့ စာရေးသား ပေးပို့ အကူအညီ တောင်းခံခဲ့ရာ တပ်မတော် စစ်ကြောင်းက ဖေဖော်ဝါရီ ၁ ရက် ညပိုင်းတွင် အဆိုပါ အကူအညီတောင်းခံစာကို လက်ခံ ရရှိခဲ့သည်။

        တပ်မတော်စစ်ကြောင်းများအနေဖြင့် အကူအညီတောင်းခံစာ ရလျင်ရချင်း ၎င်းနေ့ ညပိုင်းတွင် စနစ်တကျစုဖွဲ့ပြီး လုံခြုံရေး အထူးဂရုစိုက်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဖြစ်စဉ်ဖြစ်ပွားရာ ကျေးရွာသို့ ချက်ချင်းသွားရောက်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက် နံနက်စောပိုင်းတွင် ရောက်ရှိခဲ့ပြီး ဦးစွာ အကြမ်းဖက်ခြင်း ခံရသော သူများကိုလိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးသည်။ ထို့နောက် ဖြစ်စဉ်နှင့်ပတ်သက်၍ ကျေးရွာ နေထိုင်သူ များအား မေးမြန်းခဲ့ရာ ဇန်နဝါရီ ၃၁ ရက် နံနက် ၉ နာရီခန့်တွင် AA အကြမ်းဖက် သောင်းကျန်းသူ ၄ ဦးခန့် ရောက်ရှိလာပြီး ကျေးရွာ ဆယ်အိမ်မှူး ၄ ဦးအား ခေါ်ယူတွေ့ဆုံ၍ ကျေးရွာအနီး ၎င်းတို့ထောင်ထားသော ရီမုမိုင်း ၄ လုံးအား နေရာရွှေ့ထားသဖြင့် ၁ လုံးလျှင် ၁၀ သိန်းကျပ် ပေးလျော်ရန်ပြောဆိုခဲ့ကြောင်း၊ ဆယ်အိမ်မှူး များက မိမိတို့ရွာသားများ ပြုလုပ်ခြင်းမဟုတ်၍ မပေးလျော်နိုင်ကြောင်း ပြန်လည် ပြောဆိုခဲ့သဖြင့် အကြမ်းဖက် သောင်းကျန်းသူများက ထိုးကြိတ်ရိုက်နှက်ခဲ့မှု ကြောင့် ဆယ်အိမ်မှူးများမှ ဖူးရောင်ဒဏ်ရာ များရရှိခဲ့ကြောင်း၊ ၎င်းနောက် သောင်းကျန်းသူ များက ပြန်လည်ထွက်ခွာသွားခဲ့ပြီး ညနေ ၄ နာရီခန့်တွင် အဆိုပါ AA အကြမ်းဖက်သောင်းကျန်းသူ ၄ ဦး ထပ်မံရောက်ရှိလာကာ ဆယ်အိမ်မှူးတစ်ဦး၏နေအိမ်သို့ ဝင်ရောက်ခဲ့ပြီး နေအိမ်အတွင်းရှိ ဘင်္ဂါလီအမျိုးသမီးများ အား အဓမ္မဆွဲခေါ်၍ မဖွယ်မရာမုဒိန်းကျင့်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့မှုများကို ဘေးပတ်ဝန်းကျင် မှ ရွာသူရွာသားများက ဝင်ရောက်တားဆီးစဉ် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ၎င်းနေ့ညနေ ၆ နာရီခန့် တွင်လည်း AA အကြမ်းဖက်သောင်းကျန်းသူ အင်အား ၃၀ ဦးခန့် ထပ်မံရောက်ရှိလာပြီး ရွာကို ဝိုင်းဝန်းပိတ်ဆို့ထားကြောင်းနှင့် ခြိမ်းခြောက်မှု များ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

        ထို့ပြင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ယခင်ကလည်း ကျေးရွာ အတွင်း နေထိုင်သူများထံမှ နွားများကို အတင်းအဓမ္ဓ ယူဆောင်ခြင်း၊ရိက္ခာများအတင်းအကြပ်စုဆောင်းခြင်း များကိုလည်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

 

Recent News