
 


နေပြည်တော် မတ် ၁၅



(Unicode Version)

ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တိုက်ပွဲရှောင် ပြည်သူများအတွက် တပ်မတော်မှ ဆန်အိတ်များပေးအပ်လှူဒါန်း

နေပြည်တော် မတ် ၁၅

ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ နှင့် တိုက်ပွဲရှောင် ပြည်သူများအတွက် တပ်မ တော်မှ ဆန်အိတ်များပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို မတ် ၁၄ ရက် နံနက်ပိုင်း တွင် ပလက်ဝမြို့ နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ် သည်။

တပ်မတော်မှလှူဒါန်းသည့် ဆန်အိတ် ၁၀၀ အား နယ်မြေခံတပ်မှ တာဝန်ရှိသူ တစ်ဦးက ပေးအပ် လှူဒါန်းရာ ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင် လောဟာနှင့် တာဝန်ရှိသူများ က အသီးသီး လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။

 

Recent News