နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော စစ်သည် တစ်ဦးတွင် COVID-19  ရောဂါပိုးတွေ့ရှိ

နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော စစ်သည် တစ်ဦးတွင် COVID-19  ရောဂါပိုးတွေ့ရှိ

နေပြည်တော်၊ မေ - ၄
    
နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော စစ်သည်တစ်ဦးသည် ဧပြီ ၃၀ ရက်တွင် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း ရောဂါများခံစားနေရသဖြင့် မေ ၁ ရက်တွင် COVID-19  ‌ေရာဂါနှင့်ပတ်သက်၍ အထူးကြိုတင်ပြင်ဆင်ထားသော နယ်မြေခံတပ်မတော်ဆေးရုံရှိ ကုသဆောင်၌ သီးခြားစောင့် ကြည့်၍ လိုအပ်သောကုသမှုများဆောင်ရွက်ပေးခဲ့သည်။
    
အဆိုပါ စစ်သည်ကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များရယူ၍ PCR  နည်းဖြင့် စမ်းသပ်စစ်ဆေးရာ မေ ၄ ရက်နံနက် ၄ နာရီခွဲတွင် ဓာတ်ခွဲအတည်ပြုချက်အရ COVID-19  ရောဂါပိုးတွေ့ရှိကြောင်း သိရှိရသည်။ ထို့ကြောင့် COVID-19  ရောဂါစစ်ဆေးတွေ့ရှိရသည့် စစ်သည်အား တပ်မတော်မှကြိုတင်စီစဉ်ထားသည့် COVID-19  ရောဂါအထူးကုသရန် သတ်မှတ်ထားသည့် ဆေးရုံသို့ပို့ဆောင်၍ ကုသမှုခံယူလျက်ရှိကြောင်းနှင့် ၎င်း၏ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
    
၎င်းစစ်သည်နှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများကိုလည်း လိုအပ်သည့်ရောဂါရှာဖွေ ဖော်ထုတ်ခြင်း၊ အသွားအလာကန့်သတ်စောင့်ကြပ် ကြည့်ရှုခြင်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

(Zawgyi)

ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအတြင္း တာ၀န္ထမ္းေဆာင္လ်က္ရွိေသာ စစ္သည္ တစ္ဦးတြင္ COVID-19  ေရာဂါပိုးေတြ႕ရွိ

ေနျပည္ေတာ္၊ ေမ - ၄
    
ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအတြင္း တာ၀န္ထမ္းေဆာင္လ်က္ရွိေသာ စစ္သည္တစ္ဦးသည္ ဧၿပီ ၃၀ ရက္တြင္ ဖ်ားျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ၀မ္းပ်က္၀မ္းေလွ်ာ ျဖစ္ျခင္း ေရာဂါမ်ားခံစားေနရသျဖင့္ ေမ ၁ ရက္တြင္ COVID-19  ေရာဂါႏွင့္ပတ္သက္၍ အထူးႀကိဳတင္ျပင္ဆင္ထားေသာ နယ္ေျမခံတပ္မေတာ္ေဆး႐ံုရွိ ကုသေဆာင္၌ သီးျခားေစာင့္ ၾကည့္၍ လိုအပ္ေသာကုသမႈမ်ားေဆာင္ရြက္ေပးခဲ့သည္။
    
အဆိုပါ စစ္သည္ကို ႏွာေခါင္းတို႕ဖတ္၊ အာေခါင္တို႔ဖတ္မ်ားရယူ၍ PCR  နည္းျဖင့္ စမ္းသပ္စစ္ေဆးရာ ေမ ၄ ရက္နံနက္ ၄ နာရီခြဲတြင္ ဓာတ္ခြဲအတည္ျပဳခ်က္အရ COVID-19  ေရာဂါပိုးေတြ႕ရွိေၾကာင္း သိရွိရသည္။ ထို႔ေၾကာင့္ COVID-19  ေရာဂါစစ္ေဆးေတြ႕ရွိရသည့္ စစ္သည္အား တပ္မေတာ္မွႀကိဳတင္စီစဥ္ထားသည့္ COVID-19  ေရာဂါအထူးကုသရန္ သတ္မွတ္ထားသည့္ ေဆး႐ံုသို႔ပို႔ေဆာင္၍ ကုသမႈခံယူလ်က္ရွိေၾကာင္းႏွင့္ ၎၏က်န္းမာေရး အေျခအေနမွာ တည္ၿငိမ္ေကာင္းမြန္လ်က္ရွိေၾကာင္း သိရွိရသည္။
    
၎စစ္သည္ႏွင့္ ဆက္စပ္ထိေတြ႕မႈရွိခဲ့သူမ်ားကိုလည္း လိုအပ္သည့္ေရာဂါရွာေဖြ ေဖာ္ထုတ္ျခင္း၊ အသြားအလာကန္႔သတ္ေစာင့္ၾကပ္ ၾကည့္႐ႈျခင္းမ်ား ဆက္လက္ေဆာင္ရြက္ လ်က္ရွိေၾကာင္း သတင္းရရွိသည္။

Recent News