AA  အကြမ်းဖက်သောင်းကျန်းသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည့် အဖွဲ့အစည်းများ၏ အဆောက်အဦ၊ ပစ္စည်းများအား အကြောင်းမဲ့နှောင့်ယှက် ဖျက်ဆီး

AA  အကြမ်းဖက်သောင်းကျန်းသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည့် အဖွဲ့အစည်းများ၏ အဆောက်အဦ၊ ပစ္စည်းများအား အကြောင်းမဲ့နှောင့်ယှက် ဖျက်ဆီး

နေပြည်တော်၊ မေ - ၁၁
    
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကုလားဘာကျေးရွာအနီး ရန်ကုန်- ကျောက်ဖြူသွားကားလမ်း၊ မိုင်တိုင်အမှတ်၊ ၁၀၈/၁၀၉ အကြား ကားလမ်း၏တောင်ဘက် ပေ ၁၀၀ ခန့်အကွာရှိ PSC  စက်ယန္တရားကုမ္ပဏီပိုင် အဆောက်အဦအား AA အကြမ်းဖက် သောင်းကျန်းသူများက မေ ၈ ရက် ညပိုင်းတွင် မိုင်းဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
    
ဖြစ်စဉ်မှာ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ရဲစခန်းသို့ ၎င်းအဆောက်အဦ၏ အစောင့်ဖြစ်သူ ဦးဌေးမြင့်(ဘ)ဦးဘသန်းက မေ ၈ ရက် ည ၉ နာရီခွဲခန့်တွင် ဖုန်းဆက် အကြောင်းကြားလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ PSC စက်ယန္တရားကုမ္ပဏီပိုင် အဆောက်အဦ၏ ရှေ့မျက်နှာစာညာဘက်အခြမ်းတွင် ကာထားသည့်အထပ်သားများ၊ ပြူတင်းပေါက်မှန်များ ပေါက်ကွဲပျက်စီးနေသည်ကို တွေ့ရှိရ ပြီး အနီးဝန်းကျင်တစ်ဝိုက်မှ ပါဝါဓာတ်ခဲအပြာရောင် ၂ လုံး၊Dianwei ဓာတ်ခဲအနီရောင် ၁ လုံးနှင့် ကွန်ကျူပိုက်အပိုင်းအစများအား တွေ့ရှိခဲ့သည်။
    
အဆိုပါ PSC စက်ယန္တရားကုမ္ပဏီပိုင် အဆောက်အဦမှာ ၂၀၁၁ ခုနှစ်တွင် ဂုံချွိန်-ကျောက်ဖြူ လမ်းခင်းသည့်လုပ်ငန်းဆောင်ရွက်စဉ် စက်ယန္တရားများထားရှိရန် ယာယီ ဆောက်လုပ်ခဲ့သည့် အဆောက်အဦဖြစ်ကြောင်းနှင့် လက်ရှိတွင် လူနေထိုင်ခြင်းမရှိကြောင်း သိရှိရသည်။
    
အလားတူ ချင်းပြည်နယ်၊ ပလက်ဝမြို့၏အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာ တောင်ကုန်းပေါ်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရုပ်သံထပ်ဆင့်လွှင့် တာဝါတိုင်အား မေ ၇ ရက် ည ၁၀ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက ဖြိုချဖျက်ဆီးသွား ခဲ့သည်။ 
    
AAအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးပျက်ပြားစေရန်ရည်ရွယ်၍ မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ယခုကဲ့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည့် အဖွဲ့အစည်းများ၏ အဆောက်အဦ၊ ပစ္စည်းများကိုပါ အကြောင်းမဲ့နှောင့်ယှက် ဖျက်ဆီးလျက်ရှိကြောင်း သတင်းရရှိသည်။

 

(ZAWGYI)

AA  အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိ သည့္ အဖြဲ႕အစည္းမ်ား၏ အေဆာက္အဦ၊ ပစၥည္းမ်ားအား အေၾကာင္းမဲ့ေႏွာင့္ယွက္ ဖ်က္ဆီး

ေနျပည္ေတာ္၊ ေမ - ၁၁
    
ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္၊ ကုလားဘာေက်း႐ြာအနီး ရန္ကုန္- ေက်ာက္ျဖဴသြားကားလမ္း၊ မိုင္တိုင္အမွတ္၊ ၁၀၈/၁၀၉ အၾကား ကားလမ္း၏ေတာင္ဘက္ ေပ ၁၀၀ ခန႔္အကြာရွိ PSC  စက္ယႏၲရားကုမၸဏီပိုင္ အေဆာက္အဦအား AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက ေမ ၈ ရက္ ညပိုင္းတြင္ မိုင္းေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း သိရွိရသည္။
    
ျဖစ္စဥ္မွာ ေက်ာက္ျဖဴၿမိဳ႕နယ္၊ မင္းျပင္ရဲစခန္းသို႔ ၎အေဆာက္အဦ၏ အေစာင့္ျဖစ္သူ ဦးေဌးျမင့္(ဘ)ဦးဘသန္းက ေမ ၈ ရက္ ည ၉ နာရီခြဲခန႔္တြင္ ဖုန္းဆက္ အေၾကာင္းၾကားလာသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးရာ PSC စက္ယႏၲရားကုမၸဏီပိုင္ အေဆာက္အဦ၏ ေရွ႕မ်က္ႏွာစာညာဘက္အျခမ္းတြင္ ကာထားသည့္အထပ္သားမ်ား၊ ျပဴတင္းေပါက္မွန္မ်ား ေပါက္ကြဲပ်က္စီးေနသည္ကို ေတြ႕ရွိရ ၿပီး အနီးဝန္းက်င္တစ္ဝိုက္မွ ပါဝါဓာတ္ခဲအျပာေရာင္ ၂ လုံး၊ Dianwei ဓာတ္ခဲအနီေရာင္ ၁ လုံးႏွင့္ ကြန္က်ဴပိုက္အပိုင္းအစမ်ားအား ေတြ႕ရွိခဲ့သည္။
    
အဆိုပါ PSC စက္ယႏၲရားကုမၸဏီပိုင္ အေဆာက္အဦမွာ ၂၀၁၁ ခုႏွစ္တြင္ ဂုံခြၽိန္-ေက်ာက္ျဖဴ လမ္းခင္းသည့္လုပ္ငန္းေဆာင္႐ြက္စဥ္ စက္ယႏၲရားမ်ားထားရွိရန္ ယာယီ ေဆာက္လုပ္ခဲ့သည့္ အေဆာက္အဦျဖစ္ေၾကာင္းႏွင့္ လက္ရွိတြင္ လူေနထိုင္ျခင္းမရွိေၾကာင္း သိရွိရသည္။
    
အလားတူ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕၏အေနာက္ဘက္ မီတာ ၃၀၀ ခန႔္အကြာ ေတာင္ကုန္းေပၚရွိ ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကား ႐ုပ္သံထပ္ဆင့္လႊင့္ တာဝါတိုင္အား ေမ ၇ ရက္ ည ၁၀ နာရီခန႔္တြင္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ၿဖိဳခ်ဖ်က္ဆီးသြား ခဲ့သည္။ 
    
AAအၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ ရခိုင္ျပည္နယ္အတြင္း တည္ၿငိမ္ ေအးခ်မ္းေရးႏွင့္ လုံၿခဳံေရးပ်က္ျပားေစရန္ရည္႐ြယ္၍ မိုင္းေထာင္၊ မိုင္းဆြဲတိုက္ခိုက္ျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိသည့္အျပင္ ယခုကဲ့သို႔ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိ သည့္ အဖြဲ႕အစည္းမ်ား၏ အေဆာက္အဦ၊ ပစၥည္းမ်ားကိုပါ အေၾကာင္းမဲ့ေႏွာင့္ယွက္ ဖ်က္ဆီးလ်က္ရွိေၾကာင္း သတင္းရရွိသည္။

Recent News