(၁၂-၅-၂၀၂၀ - ညနေ ၆း၀၀ နာရီသတင်း) ဥပဒေနှင့် မလျော်ညီစွာ စစ်ဆေးမှုများပြုလုပ်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တရား ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ

ဥပဒေနှင့် မလျော်ညီစွာ စစ်ဆေးမှုများပြုလုပ်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တရား ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ မေ - ၁၂
    
ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့် မလျော်ညီစွာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည့် Video  ဖိုင်တစ်ခု ပျံ့နှံ့ လျက်ရှိကြောင်းတွေ့ရှိရသည်။
    
အဆိုပါ Video  ဖိုင်ပါ ဖြစ်စဉ်များအား စိစစ်ခဲ့ရာတွင် ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် များက ရခိုင်ပြည်နယ်အတွင်းရှိ မြို့၊ ရွာများအတွင်း AA အကြမ်းဖက်သောင်းကျန်းသူ များ ဒေသခံများအသွင်ဖြင့် စိမ့်ဝင်လှုပ်ရှားမှုများ မရှိစေရေး ဆောင်ရွက်ခဲ့စဉ် ပုဏ္ဏားကျွန်း မြို့နယ်၊ ကျောက်ဆိပ်ကျေးရွာအတွင်းမှ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်သည်ဟု ယူဆရသူ အမျိုးသား ၅ ဦးအား ထိန်းသိမ်း၍  လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ဧပြီ ၂၁ ရက်တွင် သတင်းထုတ်ပြန် ခဲ့ပြီးဖြစ်သည်။ 

၎င်းအမျိုးသား ၅ ဦးကို ထပ်မံစစ်ဆေးမှုများပြုလုပ်ရန်နှင့် တရားဥပဒေအရ တရားစွဲဆိုမှု များ ပြုလုပ်နိုင်ရေး ပုဏ္ဏားကျွန်းမှ စစ်တွေသို့ ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင် စစ်ရေယာဉ် ဖြင့် ပို့ဆောင်ခဲ့ကြောင်း၊ ထိုသို့ပို့ဆောင်စဉ် အစောင့်အဖြစ်လိုက်ပါလာသည့် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့က ဥပဒေနှင့် မလျော်ညီသည့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့သည့် Video  ဖိုင်ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်တွေ့ရှိရသည်။
    
ထိုသို့ ဥပဒေနှင့် မလျော်ညီသည့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား စစ်စည်းကမ်းအရအရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

(ZAWGYI)

ဥပေဒႏွင့္ မေလ်ာ္ညီစြာ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့သည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား တရား ဥပေဒအရ အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိ

ေနျပည္ေတာ္၊ ေမ - ၁၂
    
ယခုရက္ပိုင္းအတြင္း လူမႈကြန္ရက္စာမ်က္ႏွာမ်ား၌ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဥပေဒႏွင့္ မေလ်ာ္ညီစြာ စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ေနသည့္ Video  ဖိုင္တစ္ခု ပ်ံ႕ႏွံ႔ လ်က္ရွိေၾကာင္းေတြ႕ရွိရသည္။
    
အဆိုပါ Video  ဖိုင္ပါ ျဖစ္စဥ္မ်ားအား စိစစ္ခဲ့ရာတြင္ ျဖစ္စဥ္မွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ မ်ားက ရခိုင္ျပည္နယ္အတြင္းရွိ ၿမိဳ႕၊ ႐ြာမ်ားအတြင္း AA အၾကမ္းဖက္ေသာင္းက်န္းသူ မ်ား ေဒသခံမ်ားအသြင္ျဖင့္ စိမ့္ဝင္လႈပ္ရွားမႈမ်ား မရွိေစေရး ေဆာင္႐ြက္ခဲ့စဥ္ ပုဏၰားကြၽန္း ၿမိဳ႕နယ္၊ ေက်ာက္ဆိပ္ေက်း႐ြာအတြင္းမွ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ ပတ္သက္ဆက္ႏြယ္သည္ဟု ယူဆရသူ အမ်ိဳးသား ၅ ဦးအား ထိန္းသိမ္း၍  လိုအပ္သည့္ စစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိသည္ဟု ဧၿပီ ၂၁ ရက္တြင္ သတင္းထုတ္ျပန္ ခဲ့ၿပီးျဖစ္သည္။ 

၎အမ်ိဳးသား ၅ ဦးကို ထပ္မံစစ္ေဆးမႈမ်ားျပဳလုပ္ရန္ႏွင့္ တရားဥပေဒအရ တရားစြဲဆိုမႈ မ်ား ျပဳလုပ္ႏိုင္ေရး ပုဏၰားကြၽန္းမွ စစ္ေတြသို႔ ဧၿပီ ၂၇ ရက္ နံနက္ပိုင္းတြင္ စစ္ေရယာဥ္ ျဖင့္ ပို႔ေဆာင္ခဲ့ေၾကာင္း၊ ထိုသို႔ပို႔ေဆာင္စဥ္ အေစာင့္အျဖစ္လိုက္ပါလာသည့္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္အခ်ိဳ႕က ဥပေဒႏွင့္ မေလ်ာ္ညီသည့္ စစ္ေဆးေမးျမန္းမႈမ်ား ေဆာင္႐ြက္ခဲ့သည့္ Video  ဖိုင္ျဖစ္ေၾကာင္း စစ္ေဆးေဖာ္ထုတ္ေတြ႕ရွိရသည္။
    
ထိုသို႔ ဥပေဒႏွင့္ မေလ်ာ္ညီသည့္ စစ္ေဆးေမးျမန္းမႈမ်ား ေဆာင္႐ြက္ခဲ့သည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား စစ္စည္းကမ္းအရအေရးယူႏိုင္ေရး စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္ျပဳလုပ္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

Recent News