AA အကြမ်းဖက်သောင်းကျန်းသူများက လက္ကာကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ ထွက်ပြေး

AA အကြမ်းဖက်သောင်းကျန်းသူများက လက္ကာကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ ထွက်ပြေး

နေပြည်တော်၊ မေ - ၁၇
    
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် မေ ၁၆ ရက်  နေ့လယ် ၂ နာရီခွဲခန့်တွင် လက္ကာကျေးရွာအနီးသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များက ကျေးရွာအတွင်းမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်  တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ AA  အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များသည် နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်တွင် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့၍ ရွာ၏ အရှေ့ဘက်တောင်ကြောများပေါ်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။ AA အကြမ်းဖက်သောင်းကျန်းသူများ မီးရှို့ခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၂၀ လုံးခန့် မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
    
AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ကျေးရွာများအတွင်း အရပ်သား အသွင်ဖြင့် ရောနှောနေထိုင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ယခုကဲ့သို့လုံခြုံရေး တပ်ဖွဲ့ဝင်များ ကျေးရွာအနီးသို့ ရောက်ရှိလာစဉ် ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန်  ကျေးရွာများအား မီးရှို့ခဲ့ခြင်းဖြစ်သည်။
    
အဆိုပါ နယ်မြေတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေး လုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Recent News