မင်္ဂလာဒုံမြို့နယ်အတွင်း လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ

 

မင်္ဂလာဒုံမြို့နယ်အတွင်း လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ- ၂၅
    
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည်  မေ ၂၄ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဧကရာဇ်ရပ်ကွက်၊ ရန်ကုန်-ပဲခူးလမ်း၊ မြနန္ဒာပန်းခြံရှေ့၌ မော်တော်ယာဉ်များအား စစ်ဆေးစဉ် လှည်းကူးဘက်မှ ထောက်ကြန့်ဘက်သို့ အောင်ကျော်ကျော်မျိုး(ဘ)ဦးဝင်းမြင့် မောင်းနှင်လာသည့် TOYOTA  Mark IIအမျိုးအစား မော်တော်ယာဉ် အမှတ်၊ 9H/------ အား စစ်ဆေးရာ ယာဉ်၏ နောက်ဖုံးအတွင်းမှ အဝေးကြည့်မှန်ပြောင်း တပ်ဆင်ထားသော ပွိုင့်-၂၂ သေနတ် ၁ လက်၊   ၎င်းကျည် ၁၁ တောင့်၊ အသံတိတ်ပြောင်း ၁ ခု၊ ကျည်ထည့်အိတ် ၁ လုံး၊ သေနတ်ထည့်အိတ် ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
ဖမ်းဆီးရမိသူ အောင်ကျော်ကျော်မျိုး ၏ ပြောကြားချက်အရ ယာဉ်ပေါ်ပါ လက်နက်၊ ခဲယမ်းများကို သိရှိခြင်းမရှိကြောင်း၊  ၎င်းင်းမော်တော်ယာဉ်ကို အစ်ကိုဖြစ်သူ စောဝင်းနိုင်နှင့်  အတူ အသုံးပြုခြင်းဖြစ်ကြောင်း သိရှိရပြီး အစ်ကိုဖြစ်သူထံသို့ ဖုန်းဖြင့် ဆက်သွယ်ရာ ၎င်းင်းကိုင်ဆောင်သော သေနတ်ဖြစ်သောကြောင့်  စောဝင်းနိုင် က ထောက်ကြန့်မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်းနှင့် ၎င်းသေနတ်ကို  ၂၀၁၉ ခုနှစ်၊ မေလတွင် Online မှတစ်ဆင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
    
အဆိုပါဖမ်းဆီးရမိသူများနှင့် လက်နက်ခဲယမ်းများအား ထောက်ကြန့်မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်းနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News