နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသော တပ်မတော် သားများအတွက် စားသောက်ဖွယ်ရာများ လှူဒါန်း

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသော တပ်မတော် သားများအတွက် စားသောက်ဖွယ်ရာများ လှူဒါန်း

နေပြည်တော်၊ မေ - ၂၅
    
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများအတွက် ရွှေပုစွန်အအေးနှင့် ကိတ်မျိုးစုံမိသားစုများက စားသောက် ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနော် ရထာခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် (အငြိမ်းစား)နှင့် အလှူရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
    
ဦးစွာ အလှူရှင်များကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်(အငြိမ်းစား)က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများအတွက် မုန့်ခြောက်မျိုးစုံ ၂၀၂၅ ထုပ်၊ ဘာလချောင်ကြော် ၅၅၀ ထုပ်၊ အာဗြဲခြောက်ကြော် ၅၁၀ ထုပ်၊ လီမွန်သရက်ပြား ခြောက်အစုံထုပ် ၁၀၀၀ ထုပ်၊ လက်ဖက်အကြော်စုံ ၅၀၀ ထုပ်၊ ငါးခြောက်ထောင်းကြော် ၅၀၀ ထုပ်၊ သရက်သီးသနပ် ၆၀၀ ထုပ်နှင့် ပခုံးတင်တဘက် ၅၀၀ ထည်တို့ကို ပေးအပ်လှူဒါန်းရာ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်က လက်ခံရယူ၍ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Recent News