မူဆယ်မြို့၊ ဟိုနားရပ်ကွက်အနီး၌ လက်ပစ်ဗုံး၊ မိုင်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

မူဆယ်မြို့၊ ဟိုနားရပ်ကွက်အနီး၌ လက်ပစ်ဗုံး၊ မိုင်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော် ၊  မေ -၂၈
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မူဆယ်မြို့၊ ဟိုနားရပ်ကွက်အနီး၌ မသင်္ကာဖွယ်လက်ဆွဲအိတ်တစ်လုံး တွေ့ရှိကြောင်းသတင်းအရ ယနေ့ညနေ ၄ နာရီခန့်တွင် သွားရောက်စစ်ဆေးရာ လက်ဆွဲ အိတ်အတွင်းမှ လက်ပစ်ဗုံး ၁ လုံး၊ တိုက်မိုင်း ၁ လုံး၊ တိုက်ကြိုး ၃ ချောင်း၊ ဆိုင်ကယ်ဘက် ထရီ ၂ လုံးနှင့် ရီမု ၁ ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
    
အဆိုပါနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်း များ အသေးစိတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

Recent News